နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ရေနံဝယ်လိုအား ပြန်လည်မြင့်တက်ရန် ရှိနေ

ဘရပ်ဆဲလ်၊ မေ ၂၅ 


အမေရိကန်တွင် ခရီးသွားရာသီ ပြန်လည်စတင်လာပြီး တရုတ်ရှန်ဟိုင်း တွင်လည်း ကိုဗစ်-၁၉ ဆိုင်ရာကန့် သတ်ချက်များ အနည်းငယ်ပြန်လည် ဖြေလျှော့မှုကြောင့် ကမ္ဘာ့ရေနံ ဝယ်လို အားပြန်လည် မြင့်တက်လာနိုင်ချေရှိ ကြောင်း ရေနံကုန်သည်များကဆိုသည်။


ဘရင့်ရေနံစိမ်းကို  နိုင်ငံတကာ အညွှန်းကိန်းတွင် တစ်စည်လျှင်ကန် ဒေါ်လာ ၁၁၁ ဒသမ ၁၇ ဒေါ်လာနှင့် ရောင်းချနေခြင်းဖြစ်ပြီး အဆိုပါစျေး သည် ယခင်အပတ်ထက် ၁ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်လာကာ ယခင်ရက် သတ္တပတ်တွင် ဘရင့်ရေနံစိမ်းစျေးကို ၁၀၉ ဒသမ ၉၉ ဒေါ်လာနှင့် စျေးဖြတ်ခဲ့ ခြင်းဖြစ်သည်။


ယခုကဲ့သို့ ရေနံစျေးအနည်းငယ် မြင့်တက်လာခြင်းသည် တရုတ်၏ရေနံ ဝယ်လိုအားကြောင့်ဖြစ်ပြီး တရုတ်သည် ကမ္ဘာတွင် ရေနံအများဆုံးတင်သွင်း သည့်နိုင်ငံဖြစ်ကာ မကြာမီ ရှန်ဟိုင်း ကို ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့မည်ဆိုသည့် ခန့်မှန်းချက် များကြောင့် ရေနံစျေးများ မြင့်တက်လာ ခြင်းဖြစ်သည်။


အမေရိကန်တွင်မူ Driving season ဟုခေါ်သည့် ခရီးသွားရာသီ မကြာမီ စတင်မည်ဖြစ်ရာ ဇွန်မှစက်တင်ဘာ အထိစက်သုံးဆီစျေးများ  အနည်းငယ် မြင့်တက်လာနိုင်မည်ဟု ယူဆရသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ