နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပသို့ ရှရှား လောင်စာစွမ်းအင် တင်သွင်းမှုလျှော့ချရန် ယူရို ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

ဘရပ်ဆဲလ်၊  မေ ၂၅


ဥရောပသို့ ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းနေခြင်းကို လျှော့ချနိုင် ရန်ဥရောပကော်မရှင်က ယူရို  ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုစတင် စီစဉ်လျက်ရှိသည်။ 


ဥရောပကော်မရှင် ဥက္ကဌသည် CNG ကဲ့သို့သော အခြေခံဂတ်စ် အဆောက် အအုံတည်ဆောက်ရန်အတွက် ယူရို ၁၀ ဘီလီယံကို စတင်ရင်းနှီးမြှုပ်နှံဆောင်ရွက် မည်ဖြစ်ပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် ယူရို  ၃၀၀ ဘီလီယံထိ ရောက်ရှိရန် ထောက်ပံ့ငွေနှင့် ချေးငွေများကို အသုံးပြုပြီး  တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် သည်။


ဥရောပ ၂၇ နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ဂတ်စ်နှင့် ဟိုက်ဒရိုဂျင်များကို ဖက်စပ်ပူးပေါင်းဝယ်ယူရန်အတွက် ပလက်ဖောင်းတစ်ခုတည်ဆောက်မည့် သဘောတူညီချက်ရှိထားသည်။


ဥရောပဒေသ စွမ်းအင်လုံလောက်စွာရရှိမှုကို ၂၀၃၀ ခုနှစ်တွင် ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်နှင့်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုံလောက် မှုကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် ရည်ရွယ်ထားသည်။


ဥရောပ၏ စွမ်းအင်လိုအပ်ချက်ဖြစ်သည့်  သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း နှင့် ရေနံ ၂၇ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံပေါ်မှီခိုနေရခြင်းကြောင့် ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။          (ref: AP)






အခြားဆက်စပ်သတင်းများ