နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီက ယူကရိန်းကို လေယာဉ်ပစ်အမြောက် ၁၅ လက်ထောက်ပံ့မည်

ဘာလင်၊  မေ ၂၅


ဂျာမနီနိုင်ငံသည် လာမည့်ဇူလိုင် အတွင်း ယူကရိန်းသို့ Flakpanzer Gepard လေယာဉ်ပစ်အမြောက် ၁၅ လက်ပေးပို့မည်ဖြစ်ကြောင်း  ကာကွယ် ရေးဝန်ကြီး ခရစ္စတင်းလွန်ဘတ်ချ်က ပြောသည်။


ယူကရိန်းနိုင်ငံရှိ အရေးပါသော အခြေခံ အဆောက်အအုံများကိုကာကွယ် ရာတွင် အဆိုပါ လေယာဉ်ပစ် လက်နက် များကို အသုံးပြုမည်ဖြစ်ကြောင်းဝန်ကြီး ကပြောကြားလိုက်ခြင်း ဖြစ်သည်။


ဂျာမနီနိုင်ငံသည် လေယာဉ်ပစ် လက် နက် ပစ်ခတ်မှုလေ့ကျင့်ရေးအပြင် ကျည်ဆန် ၆၀၀၀၀ ကိုလည်း ထောက်ပံ့ မည်ဟု ၄င်းက ဆက်လက်ပြောကြား သည်။


အဆိုပါ လေယာဉ်ပစ်လက်နက်များ သည်အရေးပါသော အခြေခံအဆောက် အအုံများကို ကာကွယ်ရာတွင်အထင် ကြီးလောက်ဖွယ်ရာ ဟန့်တားမှု ပြုလုပ် နိုင်မည်ဖြစ်ပြီး ယခုလက်နက်များကို ဂျာမနီ စစ်တပ်၌ ၁၉၇၀ ခုနှစ်များအတွင်း စတင် အသုံးပြုခဲ့ကာ Mil Mi-24 ကဲ့သို့ သောရဟတ်ယာဉ်များကို တိုက်ခိုက် ရာတွင် အသုံးပြုရန် အထူးဒီဇိုင်းထုတ် ထားခြင်း ဖြစ်သည်။


ရုရှားနိုင်ငံ၏ ကျူးကျော်မှုကိုတွန်း လှန်ရာတွင် ယူကရိန်းနိုင်ငံကိုကူညီ ပေးရမည့် ပြည်တွင်း ၊ပြည်ပဖိအားများ ကြောင့်ဂျာမနီနိုင်ငံက ယူကရိန်းသို့ လက် နက်မပို့ရေးမူဝါဒကို ပြင်ဆင်ခဲ့ရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ