နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုပ်သံတင်ဆက်သူ အမျိုးသမီးများကို မျက်နှာဖုံးတပ်ရန် တာလီဘန် ဖိအားပေး

ကဘူးလ်၊  မေ ၂၅


အာဖဂန်နစ္စတန်တွင် ရုပ်သံအစီ အစဉ်တင်ဆက်သူ အမျိုးသမီးများ အနေဖြင့် မျက်နှာဖုံးတပ်ဆင်ရမည့် အမိန့်ညွှန်ကြားချက်ကို တာလီဘန် များက ဖိအားပေးလျက်ရှိကြောင်း မေ ၂၄ ရက်သတင်းများတွင် ဖော်ပြသည်။  


အာဖဂန်အမျိုးသမီး ရုပ်သံသတင်း တင်ဆက်သူများအနေဖြင့် သတင်း အစီအစဉ်ထုတ်လွှင့်ချိန်တွင် မျက်နှာ ကိုဖုံးအုပ်ပြီးမှသာ တင်ဆက်ရန်ညွှန် ကြားထားခြင်းဖြစ်ပြီး ယင်းအမိန့်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများကဝေ ဖန်ကန့်ကွက်လျက် ရှိသည်။ 


ယခုကဲ့သို့ မျက်နှာဖုံးတပ်ရန်ညွှန် ကြားချက်သည် ပြင်ပယဉ်ကျေးမှုတစ်ခု ကိုအတင်းအကြပ် လုပ်ဆောင်ခိုင်းခြင်း ဖြစ်ပြီး ယင်းသို့လုပ်ဆောင်သည့်အတွက် သတင်းတင်ဆက်ရာတွင် အခက်အခဲ များဖြစ်လာစေနိုင်ကြောင်း ရုပ်သံတင် ဆက်သူတစ်ဦးက ဝေဖန်ထားသည်။  


သို့ရာတွင် တာလီဘန်များ၏ယဉ် ကျေးမှုရေးရာဝန်ကြီးဌာနကမူ အဆိုပါ အမိန့်ညွှန်ကြားချက်ကို နောက်ဆုံး အတည်ပြုထားပြီး စေ့စပ်ညှိနှိုင်းပြင် ဆင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထား သည်။     

(ref: Reuters)






အခြားဆက်စပ်သတင်းများ