နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ကို တရုတ်ကျူးကျော်လျှင် စစ်ရေးအရ အကာအကွယ်ပေးမည်ဟု ကန်သမ္မတပြော

ဝါရှင်တန်၊  မေ ၂၅


တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ် ကိုကျူးကျော်မည်ဆိုလျှင် အမေ ရိကန်သည် ထိုင်ဝမ်ကို စစ်ရေးအကာ အကွယ်ပေးရန် လိုလိုလားလားရှိ ကြောင်း ကန်သမ္မတ ဂျိုးဘိုင်ဒန်က မေ ၂၄ ရက်တွင် ပြောကြားလိုက်သည်။


ထိုင်ဝမ်ကို စစ်ရေးကူညီခြင်းသည် အမေရိကန်အနေဖြင့် ယခင်ကတည်းက ကတိပြုထားသည့် ကိစ္စဖြစ်ကြောင်း ကန်သမ္မတက ပြောကြားထားပြီး ယင်း ပြောကြားချက်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပတ်သက်လာ ပါက အပေးအယူကိစ္စနှင့် အလျှော့ပေး ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတုံ့ ပြန်ပြောဆိုသည်။


ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းတည်ငြိမ်ရန် အမေရိကန်က ကတိပြုထားပြီဖြစ်သည့်အတွက် ပြော ကြားချက်ကို ပြန်လည်ပြင်ဆင်မည် မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်၏ ထပ်မံပြောကြားချက်အပေါ် အိမ်ဖြူ တော်က အသိပေးထုတ်ပြန်ထားသည်။


လက်ရှိတွင် ထိုင်ဝမ်ကို စစ်ရေး အကာအကွယ် ပေးမည်ဆိုသည့်ပြော ကြားချက်နှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိသူများဘက်က တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးကြောင်း သိရ သည်။


ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံပိုင် ဖြစ်သည်ဟု တရုတ်အစိုးရက လက်ခံ ထားပြီး လိုအပ်ပါက အင်အားသုံးပြန် လည်သိမ်းယူမည်ဖြစ်ကြောင်း အမြဲ မပြတ်ပြောကြားလျက် ရှိသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ