နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငါးလတာ အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၅၀၀ ကျော်နှင့် သေဆုံးသူ နှစ်ဦးရှိ

ရန်ကုန် မေ ၂၄


ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ ရရှိထားသော အချက်အလက်များအရ မြန်မာ နိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁,၅၁၆ ဦး နှင့် သေဆုံးသူ ၂ ဦးရှိလာပြီ ဖြစ်သည်။


သွေးလွန်တုပ်ကွေး ဖြစ်ပွား မှုသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် အများဆုံး ဖြစ်ပွားလျက်ရှိပြီး ၂၀၂၁ ခုနှစ် စာရင်းဇယားများအရ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၅,၄၄၆ ဦးရှိပြီး ၃၆ ဦးသေဆုံးသည် ။


ယခုနှစ်သည် ရောဂါဖြစ် ပွားမှု ထူးကဲစွာများပြား သည့်အသွင်ဖြစ်နိုင်ခြေရှိသည့် အတွက် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်း ချုပ်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။


သွေးလွန်တုပ်ကွေးရောဂါ သည် ခြင်မှတစ်ဆင့် ကူးစက် သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှုမရှိစေရေး ပတ် ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့်ခြင် ကျား၊  ပိုးလောက်လန်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်း ခြင်း၊ ကျန်းမာရေးပညာပေး ခြင်း၊ ခြင်ကိုက်မခံရစေရန် နေထိုင်ခြင်းနှင့် ခြင်ကျားပိုး လောက်လန်း ကင်းစင်သည့် စာသင်ကျောင်းများ ထူထောင် ခြင်း လုပ်ငန်းများကို ဆောင် ရွက်ကြရန်လိုအပ်သည်။


ထို့ပြင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီ တို့၏ ပံ့ပိုးကူညီပေးမှုများလည်း လိုအပ်မည်ဖြစ်ပြီး ကျောင်းဖွင့် ရာသီ ရောက်ရှိသည့်အခါ ကျောင်းအခြေပြု ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာ ကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကိုပါ တစ်ပါတည်းဆောင်ရွက် ရန်လိုအပ်သည်။      

         ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ