နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ရိက္ခာအကျပ်အတည်းအတွက် ဒေါ်လာဘီလီယံ ၃၀ သုံးမည်ဟု ကမ္ဘာ့ဘဏ်ကြေညာ

နယူးယောက်၊  မေ  ၂၂


ကမ္ဘာ့ရိက္ခာအကျပ်အတည်းကိုတစ် ကမ္ဘာလုံးကျယ်ပြန့်စွာတုံ့ပြန်ရန်   အစီ အစဉ်များအဖြစ်  လက်ရှိနှင့် အနာဂတ်  စီမံကိန်းများအတွက် ဒေါ်လာ ဘီလီယံ ၃၀ သုံးစွဲမည်ဟု ကမ္ဘာ့ဘဏ်က မေ ၂၁ ရက်တွင် ကြေညာလိုက်သည်။ ရိက္ခာ အကျပ်အတည်းကို   ဖြေရှင်းရန်လာ မည့် ၁၅ လအတွင်း   စိုက်ပျိုးရေး၊ အာဟာရပြည့်ဝရေး၊  လူမှုအကာအကွယ်၊ ရေနှင့်ဆည်မြောင်းစသည့် နယ်ပယ်များ ကို ငွေကြေးထောက်ပံ့မည်ဟု ကမ္ဘာ့ ဘဏ်က ကြေညာချက်ထုတ်ပြန်ထား သည်။ 


ထိုသို့လုပ်ဆောင်ရာတွင် ရိက္ခာနှင့် မြေသြဇာထုတ်လုပ်ရေးကို အားပေးပြီး စားနပ်ရိက္ခာအစီအစဉ်ကို အဆင့်မြှင့်တင် ကာ ပိုမိုကြီးမားသော ကုန်သွယ်ရေးကို အားပေးပြီး ထိခိုက်လွယ်မိသားစုများနှင့် ထုတ်လုပ်သူများကို ထောက်ပံ့မည်ဟု ဆိုသည်။ 


နိုင်ငံများအနေဖြင့် စွမ်းအင်နှင့် မြေ သြဇာထုတ်လုပ်မှုမြှင့်တင်ရန်၊  လယ် သမားများ၏ စိုက်ပျိုးရေးနှင့်အထွက်နှုန်း တိုးတက်ရေးကိုကူညီရန်၊   ပို့ကုန်သွင်း ကုန်ပိတ်ဆို့မှုများကို ဖယ်ရှားရန်နှင့်မလို အပ်သော သိုလှောင်မှုမလုပ်ရန် ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ ဒေးဗစ် မယ်ပတ်စ်က တိုက် တွန်းပြောကြားသည်။


ရုရှား-ယူကရိန်းစစ်ကြောင့် အစား အစာမလုံလောက်မှုဖြစ်စေပြီး ဈေးနှုန်း များ အကြီးအကျယ်တက်သွားကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီး အကဲကလည်း ပြောကြားထားပြီး စားနပ် ရိက္ခာအကျပ်အတည်းကို  ဖြေရှင်းရေး လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံများကို တိုက် တွန်းထားသည်။

(Ref:AP)






အခြားဆက်စပ်သတင်းများ