နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီတွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးဖြစ်ပေါ်နေ

ရောမ၊  မေ  ၂၂


အီတလီနိုင်ငံတွင် အစားအစာနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး ၁၉၉၉ ခုနှစ် ယူရိုငွေကြေးစနစ် စတင်ဝင်ရောက်ပြီးနောက်ပိုင်း အမြင့်ဆုံးငွေကြေးဖောင်းပွနှုန်းနှင့် ကြုံတွေ့နေရ ကြောင်း မေ ၂၁ ရက်တွင် နိုင်ငံအစိုးရက ကြေညာသည်။ 


ကုန်ထုတ်လုပ်မှုကဏ္ဍတိုင်းတွင် ထုတ်လုပ်မှုနှင့် ကုန်စည်ဖြန့်ဖြူးရေးပိုင်း ကုန်ကျစရိတ်ကြီးမြင့်လာ​ခြင်းကြောင့်  သားငါး၊ ဂျုံ၊  လျှပ်စစ်နှင့် လောင်စာဆီစျေး များလည်းမြင့်တက်လာနေပြီး    ယခုကဲ့သို့ စျေးနှုန်းကြီးမြင့်မှုကြောင့် သစ်သီး၀လံ နှင့် ဟင်းသီးဟင်းရွက်ရောင်းချနေသူများအနေဖြင့်လည်း ရောင်းစျေးနှင့် အရင်းကာ မိ​စေရန် ညှိနှိုင်းရောင်းချနေရကြောင်း ဆိုသည်။ 


ယင်းသည် ဖန်လုံအာနိသင်လျှော့ချရေးအတွက် အသုံးပြုသည့် ပလတ်စတစ် အိတ်စျေးများ မြင့်တက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြောင်းလဲသုံးစွဲနေကြသည့် စျေးဝယ်အိတ်စျေးများ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ 


ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်  အီတလီအစိုးရအနေဖြင့် လောင် စာဆီစျေးများလျှော့ချခြင်း၊ လူမှုဖူလုံရေး အပိုဆုကြေးများပေးအပ်ခြင်း၊ အခွန်ကင်း လွတ်ခွင့်ပေးခြင်းစသည့် ငွေကြေးဖောင်းပွမှုလျှော့ချရေး နည်းစနစ်များကျင့်သုံးကာ စီးပွားရေးလုပ်ငန်းနှင့် ဝင်ငွေနည်းအိမ်ထောင်စုများကို ပံ့ပိုးကူညီရန်အားထုတ်ကြိုး ပမ်းလျက်ရှိသည်။

(Ref:AP)






အခြားဆက်စပ်သတင်းများ