နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပခရီးသွားလုပ်ငန်းများ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်

ဘရပ်ဆဲလ်၊  မေ  ၂၂


ဥရောပနိုင်ငံများရှိ ခရီးသွားလုပ်ငန်း များသည် မျှော်မှန်းထားသည်ထက် လျင်မြန်စွာ ပြန်လည်နာလန်ထူကောင်း မွန်လာကြောင်း ‌‌နိုင်ငံတကာလေဆိပ် ကောင်စီ(ACI)၏ ​မေ ၂၁ ရက် ထုတ်ပြန် ချက်အရသိရသည်။ 


ဥရောပ    ခရီးသွားလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းအထိကျ ဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်မူ ၂၀ ရာခိုင် နှုန်းသာကျဆင်းနိုင်မည်ဟု ခန့်မှန်းထား ပြီး ခရီးသွားလုပ်ငန်းများသည် ၂၀၂၄-၂၅ ခုနှစ်သို့ရောက်ပါက အပြည့်အဝ ပြန်လည် လည်ပတ်လာနိုင်ခြေရှိကြောင်း ACI က ဆိုသည်။ 


သို့ရာတွင် ခရီးသွားလုပ်ငန်းများ အတွက် ပထဝီနိုင်ငံရေး၊ ကျဆင်းလာ သော စီးပွားရေးလုပ်ငန်းများနှင့် ပြန် လည်ပြန့်ပွားလာသော ကိုဗစ်-၁၉ မျိုးကွဲ သစ်များကဲ့သို့ စိန်ခေါ်မှုကြီးများမှာဆက် လက်ရှိနေနိုင်သေးကြောင်း သိရသည်။ 


လက်ရှိ ရင်‌ဆိုင်နေရသည့် ဝန်ထမ်း ပြဿနာမှလွဲ၍ ပထဝီနိုင်ငံရေးဖိအားနှင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ရှောင်လွှဲ၍ မရနိုင်ကြောင်း၊ အထူးသဖြင့် လေကြောင်း လိုင်းများအတွက်   စီးပွားရေးအခြေ အနေ အရပ်ရပ်ကိုကြိုတင်စီစဉ်ထားရ မည်ဖြစ်ကြောင်း ACI က အသိပေးထား သည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ