နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်း၏ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရမည်ဟု သမ္မတ ဇာလန်စကီးပြော

ကီယက်ဗ်၊ မေ  ၂၂ 


ယူကရိန်းအပေါ်   ကျူးလွန်သည့် ရုရှားတပ်များ၏ ဖျက်ဆီးမှုများအတွက် ရုရှားတွင်      ဘဏ္ဍာရေးအရတာဝန်ရှိ ကြောင်း    ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်စကီးက ယင်း၏ ညစဉ် ဗီဒီယို မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ 


ရုရှားတပ်များသည်    ခါကိဗ်မြို့ အရှေ့မြောက်ပိုင်းသို့  မေ ၂၀ ရက်က ဒုံးကျည်တစ်စင်းဖြင့်  ပစ်ခတ်လိုက်ခြင်း ကြောင့် လိုဇိုဗာ ယဉ်ကျေးမှုဌာနပျက်စီး သွားပြီး  တောင်ပိုင်းရှိ  အိုဒက်ဆာဆိပ် ကမ်းမြို့ရှိ အဆောက်အအုံများကိုလည်း ပစ်ခတ်ခဲ့ကြောင်း သမ္မတ ဇာလန်စကီး က ဆိုသည်။ 


ရုရှားတပ်များ အပြင်းထန်ဆုံးတိုက် ခိုက်နေသည့် အရှေ့ပိုင်း ဒွန်ဘတ်စ်မြို့ တွင် ရုရှားတပ်များ သည် မာရီယူပိုလ်မြို့ ကိုလုပ်သည့်အတိုင်း     ရူဘီဇိန်းနှင့် ဗိုလ်နိုဗက်ခါမြို့များကိုလည်း ဖျက်ဆီး ခဲ့ကြောင်း၊  ထို့ပြင် ဆီဗာရိုဒွန်နက်မြို့ကို လည်း      အလားတူ လုပ်ဆောင်နေ ကြောင်း ယင်းကပြောသည်။ 


၎င်းတို့ဖျက်ဆီးခဲ့သည့်    အိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် စီးပွားရေး လုပ်ငန်းများအားလုံးအတွက်  ရုရှား အနေဖြင့်  လျော်ကြေးပေးသင့်ကြောင်း၊ ရုရှားကြောင့် ပျက်စီးသွားသည့်အရာ မှန်သမျှ   လျော်ကြေးရစေရန်  ဥပဒေ ယန္တရား    ထူထောင်မည်ဖြစ်ကြောင်း သမ္မတ ဇာလန်စကီးက ပြောသည်။

(Ref:AFP)






အခြားဆက်စပ်သတင်းများ