နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရန်ကုန်  မေ ၂ ၄


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ညနေ ၆ နာရီက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီအောင် ပူးပေါင်းစစ်ဆေးရေးစခန်း တွင် မန္တလေးမှ မိုးညှင်း သို့ သန်းဇော် မောင်းနှင်သည့် FUSO ခြောက်ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ် မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီ ယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူး သွပ်ဆေးပြား ၃ ဒသမ ၄၂ သိန်း တို့ကို သိမ်းဆည်း ရမိသည်။


စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ  မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီးမှ  ကချင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                                       AKO






အခြားဆက်စပ်သတင်းများ