နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပ စားအုန်းဆီတင်ပို့မှုတားမြစ်ချက် အင်ဒိုနီးရှား ပြန်လည်ရုပ်သိမ်း

ဂျာကာတာ၊  မေ ၂၄


၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းကတည်း က ပြည်ပစားအုန်းဆီ တင်ပို့မှုရပ်ဆိုင်း ခဲ့သည့် အင်ဒိုနီးရှားသည် စားအုန်းဆီ တင်ပို့မှု တားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မေ ၂၃ ရက်တွင် ကြေညာသည်။


အင်ဒိုနီးရှားသည် ကမ္ဘာ့စားအုန်း ဆီထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်း နီးပါးကို ပိုင်ဆိုင်ထားပြီး အင်ဒိုနီးရှား အာဏာပိုင်များသည် ဧပြီနှောင်းပိုင်း ကတည်းက ပြည်ပနိုင်ငံများသို့စား အုန်းဆီတင်ပို့မှု ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။


ယခုကဲ့သို့ စားအုန်းဆီတင်ပို့မှု တားမြစ်ချက်ရုပ်သိမ်းရန် ဆုံးဖြတ် လိုက်ခြင်းသည် ရေနံရောင်းလိုအား တည်ငြိမ်ရန်နှင့် စားအုန်းဆီထုတ်လုပ် မှုလုပ်ငန်း ပိတ်ပင်ထားခြင်းကြောင့် နိုင်ငံအတွင်း ဆုံးရှုံးသွားသည့် အလုပ် အကိုင်ပေါင်း ၁၇ သန်းခန့် ကို ပြန်လည် ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။


စားအုန်းဆီသည် အစားအသောက် တွင်သာမက အလှကုန်များနှင့်အခြား ထုတ်ကုန်များတွင်လည်း အသုံးပြု ခြင်းကြောင့် အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ၇၀ ရာခိုင်နှုန်းအထိ စားအုန်းဆီစျေးများ မြင့်တက် လာသည်။


အင်ဒိုနီးရှား၏ စားအုန်းဆီ တင်ပို့မှု အပြောင်းအလဲကြောင့် ကမ္ဘာတစ်ဝန်းရှိ စားအုန်းဆီနှင့် အခြားသောဟင်းချက် ဆီဈေးများအပေါ် ဖိအားလျော့ကျသွား ခြင်းရှိ၊မရှိ  စီးပွားရေးပညာရှင်များက စောင့်ကြည့်လျက်ရှိသည်။  

(ref: NHK)






အခြားဆက်စပ်သတင်းများ