နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်ကူးတို့သင်္ဘော ပင်လယ်ပြင်၌ မီးလောင်မှုဖြစ်ပွား လူခုနစ်ဦး သေဆုံး

မနီလာ၊  မေ ၂၄


ခရီးသည် ၁၂၄ ဦးနှင့် သင်္ဘော အမှုထမ်း ၁၀ ဦးလိုက်ပါလာသည့် ဖိလစ်ပိုင်ကူးတို့ သင်္ဘောတစ်စင်းသည် မေ ၂၃ ရက်တွင် Luzon ကျွန်း၏ အဓိက Quezon ပြည်နယ်အတွင်းရှိ မြို့တစ် မြို့သို့ ခုတ်မောင်းနေစဉ်အတွင်း မီးလောင်မှု ဖြစ်ပွားပြီး လူခုနစ်ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။ 


အဆိုပါ Mercraft 2 သင်္ဘောသည် Quezon ပြည်နယ်အတွင်းရှိ ကျွန်းမြို့ တစ်မြို့ဖြစ်သည့် Polillo မြို့မှ Real မြို့ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာလာရာ ဆိပ်ကမ်းမှ မီတာ ၉၀၀ ခန့်အကွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် Armand Balilo က ပြော သည်။ 


မီးလောင်နေသည့် သင်္ဘောမှလွတ် မြောက်ရန် ပင်လယ်အတွင်းသို့ ခရီး သည်များနှင့် သင်္ဘောအမှုထမ်းများ ခုန်ချခဲ့ပြီးနောက် လူပေါင်း ၁၂၇ ဦးထက် မနည်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ 


လူပေါင်း ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ခရီးသည်များနှင့် အမှုထမ်း များအားလုံးကို ရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ်က ထုတ်ပြန်ထားသည်။ 


လက်ရှိတွင်  တာဝန်ရှိသူများ အနေဖြင့် သင်္ဘောအင်ဂျင်ခန်းမှဖြစ် ပေါ်လာသည့် မီးလောင်မှုအကြောင်း အရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 

(ref: Reuters)






အခြားဆက်စပ်သတင်းများ