နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကပ်ရောဂါ မပြီးဆုံးသေးကြောင်း WHO သတိပေး

ဂျီနီဗာ၊ မေ ၂၄ 


ကိုဗစ်ကပ်ရောဂါ  မပြီးဆုံးသေး ကြောင်းနှင့် ယင်းကို လွန်မြောက်ခြင်းမရှိ သေးသည့်အတွက် ပေါ့ဆခြင်း မပြုလုပ် ရန်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာTedros  Adhanom Ghebreyesus က မေ ၂၃ ရက်တွင် သတိပေး ပြောကြားသည်။


ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုဗစ် ကူးစက်မှုများ မရှိတော့ကြောင်း အပြည့် အဝမပြောနိုင်သေးသ၍ ကပ်ရောဂါ ကြီးပြီးဆုံးသွားပြီဟု ကြေညာမည် မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ခန့်တွင် ကိုဗစ်ကူးစက်မှု တိုးနေ သည့်သတင်းများ ရရှိထားပြီး အချို့ နိုင်ငံများတွင် ကိုဗစ်စမ်းသပ်စစ်ဆေး မှုနှုန်းများ ကျဆင်းလာခြင်းကြောင့် မပေါ့ဆကြရန် WHO က သတိပေးထား သည်။


ဂျီနီဗာတွင်   ယခုသီတင်းပတ် အတွင်း ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ နိုင်ငံအသီးသီးရှိ ကျန်းမာရေးဝန်ကြီး ၁၀၀ ကျော်က လူကိုယ်တိုင် တက်ရောက် လျက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်ရေးတွင် WHO ၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။


WHO အဖွဲ့ကြီးသည် သက်တမ်း ၇၅ နှစ် ရှိလာပြီ ဖြစ်ကာ ယခုကဲ့သို့ ကာလအတွင်း ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ရေး လုပ်ဆောင်နိုင်ရန် အလေးထား ဆွေးနွေးနေကြခြင်း ဖြစ်ပြီး ကိုဗစ်ကြောင့် ကမ္ဘာ့လူဦးရေ ၁၅ သန်းခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ