နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ဆာဆဲလ်များ သတ်ပေးနိုင်သည့် ဗိုင်းရပ်စ်ကို လူနှင့် ပထမဆုံးထိုးနှံစမ်းသပ်

ဂျီနီဗာ၊  မေ ၂၄


ကင်ဆာဆဲလ်များကို သတ်ပေးနိုင် သည့် ဗိုင်းရပ်စ်ကို ကင်ဆာလူနာထံ ပထမဆုံးအကြိမ်အဖြစ် ပညာရှင်များ ကထိုးနှံစမ်းသပ်လိုက်ပြီ ဖြစ်ကြောင်း မေ တတိယပတ် ဆေးပညာသတင်း များတွင် ဖော်ပြသည်။ 


အဆိုပါဗိုင်းရပ်စ်ကို Vaxinia ဟုခေါ် ပြီးတိရိစ္ဆာန်များတွင် အောင်မြင်စွာစမ်း သပ်ပြီးဖြစ်သော်လည်း လူများတွင် စတင် စမ်းသပ်ခြင်းဖြစ်သည့်အတွက် ထိုဆေး၏ အာနိသင်ကို စောင့်ကြည့်ရ မည်ဖြစ်သည်။


လက်ရှိတွင် အဆိုပါ ဆေးကိုလူသား များတွင် ထိရောက်မှု ရှိ၊မရှိ စမ်းသပ် ကာလ လုပ်ဆောင်လျက်ရှိပြီး  ကင်ဆာ ရောဂါအတွက် ကိုယ်ခံအားကောင်းစေ လိမ့်မည်ဟု ယုံကြည်ထားကြောင်း၊ Vaxinia ဗိုင်းရပ်စ်သည် ကင်ဆာဆဲလ် များကိုသုတ်သင်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ပြုပြင်ထားသောဗိုင်း ရပ်စ်ဖြစ်ကြောင်း ကျန်းမာရေးသုတေသီ များက ဆိုသည်။


Vaxinia ဗိုင်းရပ်စ်ကို တိရိစ္ဆာန်များ ပေါ်တွင် အောင်မြင်စွာ စမ်းသပ်ပြီးနောက် လူသားများတွင် စမ်းသပ်မှုပြုလုပ်လာ ခြင်းဖြစ်ကာ ပညာရှင်များသည်ပထမ အဆင့်အဖြစ်   ကင်ဆာလူနာပေါင်း အယောက် ၁၀၀ တွင် စမ်းသပ်မှု ပြုလုပ် မည်ဖြစ်သည်။     (ref: Reuters)






အခြားဆက်စပ်သတင်းများ