နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့်အကျိုးစီးပွား ပျက်ပြားစေမည့် ကြိုးပမ်းမှုများ တားဆီးသွားမည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးပြော

ပေကျင်း၊  မေ ၂၄


တရုတ်နှင့် နှစ်နိုင်ငံ အကျိုးစီးပွား ပျက်ပြားစေမည့် ကြိုးပမ်းမှုမှန်သမျှကို တားဆီးသွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတိုဇာဒါရီ က မေ ၂၃ ရက်တွင် ပြောကြားလိုက်သည်။


ဝန်ကြီးဘီလာဝဲလ်သည် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်၊ ဂွမ်ဇူး မြို့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံပြီး နောက်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုက် ခြင်းဖြစ်သည်။ 


ပါကစ္စတန်သည် နိုင်ငံတွင်းရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကဲ့သို့ အဖွဲ့အစည်းများနှင့် စီမံကိန်းများရှိ တရုတ် နိုင်ငံသားများ ဘေးကင်းရေးအတွက် အစီအမံများ တိုးမြှင့်ထားပြီး တရုတ်ကို ထိခိုက်စေခြင်းသည် ပါကစ္စတန်ကို ထိခိုက်ခြင်းသာဖြစ်ကြောင်း ဝန်ကြီးဘီလာဝဲလ်က ပြောသည်။


ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ကရာချိတက္ကသိုလ် ဗုံးပေါက်ကွဲမှုအတွင်း တရုတ်ဆရာသုံးဦးနှင့် ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်သူများကို တရားဥပဒေအရ အပြစ်ပေးနိုင်ရန် ပါကစ္စတန်ဘက်က အစွမ်း ကုန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါကစ္စတန်နှင့် တရုတ်နိုင်ငံ တို့၏ အကျိုးစီးပွား ကိုပျက်ပြားစေမည့် ကြိုးပမ်းမှုမှန်သမျှကို တားဆီးသွားမည်ဟု ဘီလာဝဲလ်က ကတိပေး ပြောကြားထားသည်။      (ref: BBC)






အခြားဆက်စပ်သတင်းများ