နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံဒေသအချို့တွင် ဘား၊ ကာရာအိုကေ၊ အနှိပ်ခန်းများ လွတ်လပ်စွာ ပြန်ဖွင့်ခွင့်ပြုမည်

   ဘန်ကောက်၊  မေ ၂၃


ထိုင်းနိုင်ငံအတွင်း သတ်မှတ် ဇုန် ၃၁ ခုတွင် ဘားများ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်းများ အပါအဝင် လူစုလူဝေးနှင့် စီးပွားရေးလုပ်ငန်းများကို လာမည့် ဇွန် တစ်ရက်မှစ၍ လွတ်လပ်စွာ ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ကိုဗစ် -၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေး စင်တာက ပြောသည်။


မှတ်ပုံတင်ထားသည့် အရက်ဘား များ၊ ကာရာအိုကေဆိုင်များနှင့် အနှိပ်ခန်း များအနေဖြင့် သက်ဆိုင်ရာ ဒေသတွင်း ရောဂါကူးစက်မှုဆိုင်ရာ ကော်မတီထံမှ ခွင့်ပြုချက်ရပြီးသည်နှင့် ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး အရက်သေစာသောက်စားရောင်း ချမှုကို ည ၁၂ နာရီထိသာ ရောင်းချရ မည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။


သောက်သုံးသူများအနေဖြင့် ကိုဗစ် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သော ကြောင့်အချင်းချင်း ခွက်လဲလှယ်သောက် သုံးခြင်းများ အပါအဝင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ထိန်းချုပ်ရေးစည်းကမ်းချက် များကိုလိုက်နာ၍ သောက်သုံးရမည်ဖြစ် သည်။


ထို့ပြင် ဝန်ဆောင်မှုပေးသူများအပါ အဝင်အဆိုတော်များ၊ ဂီတသမားများ သည်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်ရမည့်အပြင် အပတ်စဉ် Antigen Test များနှင့် စစ်ဆေး ရမည်ဖြစ်သည်။     (ref: Bangkok Post)






အခြားဆက်စပ်သတင်းများ