နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လပေါ်မှ ယူဆောင်လာသည့် မြေကြီးတွင်ပထမဆုံးအကြိမ် အပင်စိုက်ပျိုးမှု အောင်မြင်

   ဝါရှင်တန်၊  မေ ၂၃


လပေါ်မှ ယူဆောင်လာသည့်မြေ ကြီးတွင် သိပ္ပံပညာရှင်များက ပထမဆုံး အကြိမ်အောင်မြင်စွာ အပင်စိုက်နိုင်ပြီ ဖြစ်ကြောင်း နာဆာ သိပ္ပံပညာရှင်များ က မေ ၂၂ ရက်တွင် ကြေညာလိုက်သည်။


အဆိုပါ အောင်မြင်မှုသည်အခြား ဂြိုလ်များတွင် လူများအခြေချနေထိုင် နိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်း တစ်ခုစတင်ခြင်းလည်း ဖြစ်သည်။


၁၉၆၉ - ၁၉၇၂ ခုနှစ် အပိုလို အာကာသယာဉ်၏ လသွားခရီးစဉ်မှ ယူဆောင်လာသည့် မြေသားနမူနာတွင် သိပ္ပံပညာရှင်များက ဟင်းခတ်ပင်တစ် မျိုးကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ လကမ္ဘာ မှမြေသည် မှုန့်ညက်ပြီး ကမ္ဘာမြေကြီး နှင့်မတူသော်သော်လည်း အစေ့ချပြီး နှစ်ရက်အကြာတွင် အပင်ပေါက်လာ ခြင်းဖြစ်သည်။


အမေရိကန် အာကာသအေဂျင်စီ ဖြစ်သည့် နာဆာသည် လပေါ်တွင်လူ များအခြေစိုက် နေထိုင်ရေးအတွက်နက် ရှိုင်းသည့် အာကာသအတွင်း စူးစမ်း လေ့လာမှုများ ဆက်လက်ပြုလုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။


လ၏ မြေကြီးပေါ်တွင် အပင်စိုက် နိုင်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍတွင် ထူးခြားသည့် နည်းလမ်းသစ်တစ်ခုဖြစ် ပြီးကမ္ဘာပေါ်ရှိ စိုက်ပျိုးရခက်ခဲသည့် ဒေသများတွင်ပါ အဆိုပါနည်းလမ်းကို အသုံးပြုနိုင်ရန် ပညာရှင်များကမျှော် လင့်ထားသည်။             (ref: Yahoo)






အခြားဆက်စပ်သတင်းများ