နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဟွန်ဒိုင်း လုပ်ငန်းစု ကြေညာ

 ဝါရှင်တန်၊  မေ ၂၃


ဟွန်ဒိုင်း မော်တာလုပ်ငန်းစုအနေ ဖြင့်လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိ ကန်၌ ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး အမေရိကန်လုပ်ငန်း များနှင့် အဆင့်မြင့်နည်းပညာများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မေ ၂၂ ရက်တွင် ကြေညာသည်။ 


ဟွန်ဒိုင်းလုပ်ငန်းစုသည် အမေရိ ကန်၌ ကနဦး ရင်းနှီးမြှုပ်နှံငွေ ၅ ဘီလီ ယံရှိထားပြီး လက်ရှိတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဆိုးလ်မြို့သို့အလည် အပတ် ရောက်ရှိနေစဉ်အတွင်း လျှပ်စစ် ကားနှင့်ဘက်ထရီ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံ မည်ဖြစ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။  


ထို့ကြောင့် ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူသည် အမေရိကန်၌ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ယမန်နှစ်က ကြေညာခဲ့သော ၇ ဒသမ ၄ ဘီလီယံ ထက်သာလွန်မည် ဖြစ်သည်။ 


ဂျော်ဂျီယာ၌ အသစ်ဆောက်လုပ် မည့်လျှပ်စစ်ကား   စက်ရုံမှတဆင့် အမေရိကန်  သုံးစွဲသူများအတွက် အရည်အသွေးမြင့် လျှပ်စစ်ကားများ ထုတ်လုပ် ပေး နိုင်ရန် ရည်ရွယ်သည်ဟု ဟွန်ဒိုင်း လုပ်ငန်းစု အမှုဆောင်ဥက္ကဋ္ဌက ဆိုသည်။


ထို့ပြင် ၂၀၃၀ ခုနှစ်အထိ တောင် ကိုရီးယားတွင် လျှပ်စစ်ကား ထုတ်လုပ် ရေးအတွက် ဒေါ်လာ ၁၆ ဘီလီယံရင်း နှီးမြှုပ်နှံသွားမည်ဖြစ်သည်။  (ref: BBC)






အခြားဆက်စပ်သတင်းများ