နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ယနေ့တရုတ်သို့ သွားရောက်မည်

   ဂျီနီဗာ၊  မေ ၂၃


ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲသည် ယနေ့ မေ ၂၃ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ရှင်ကျန်းဒေသသို့လည်းသွား ရောက်မည် ဖြစ်သည်။ 


ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလီ ဘက်ချ်လက် သည်ခြောက်ရက်ကြာခရီးကို မေ ၂၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကြေညာထားပြီး ယင်းသည် တရုတ် နိုင်ငံရှိ ကွမ်ကျိုး၊ ကာရှဂါနှင့် ရှင်ကျန်း ဒေသမြို့တော် အူရန်ကီများသို့သွား ရောက်မည်ဖြစ်သည်။ 


ထိုခရီးစဉ်သည် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့် အရေးအကြီးအကဲတစ်ဦး၏ တရုတ်သို့ ပထမဆုံး ခရီးစတင်ခြင်း ဖြစ်ကြောင်း လည်း သိရသည်။


ခရီးစဉ်အတွင်း အဆင့်မြင့်အရာရှိ များ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် များ၊ ပညာရှင်များနှင့်တွေ့ဆုံဆွေးနွေး ပြီးကွမ်ကျိုး တက္ကသိုလ်မှ ကျောင်းသား များကိုလည်း ပိုချချက်တစ်ခု ပို့ချသွား မည်ဖြစ်သည်။                 (ref:AP)






အခြားဆက်စပ်သတင်းများ