နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတလွှား မျောက်ကျောက်ရောဂါဖြစ်ပွားသူ ဦးရေ ရာချီ ရှိလာသည့်အတွက် WHO အရေးပေါ်အစည်းအဝေးခေါ်ယူ

 ဂျီနီဗာ၊ မေ ၂၃


ဥရောပနိုင်ငံများတွင် မျောက် ကျောက်ရောဂါဖြစ်ပွားသူ  ဦးရေ ၁၀၀ နီးပါးရှိလာသည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် အစည်းအဝေး ခေါ်ယူလျက်ရှိကြောင်း မေ ၂၂ ရက် သတင်းများတွင် ဖော်ပြချက် အရ သိရသည်။


မျောက်များတွင်သာ တွေ့ရှိရသည့် အဆိုပါ မျောက်ကျောက်ရောဂါသည် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက် ပျံ့နှံ့လေ့ရှိပြီး အာဖရိကအပြင်ဘက်နိုင်ငံ များတွင် ပျံ့နှံ့မှုနည်းပါးခြင်းကြောင့် ယခု ကဲ့သို့ဥရောပအတွင်း ကူးစက်မှုများတွေ့ ရှိခြင်းသည် စိုးရိမ်ဖွယ် အနေအထားဖြစ် ကြောင်း WHO က ဆိုသည်။


မျောက်ကျောက် ရောဂါပိုးသည် အများအားဖြင့် အပျော့စား ဗိုင်းရပ်စ် ရောဂါပိုးဖြစ်ပြီး အဖျားလက္ခဏာအပြင် ထူးခြားသည့် အရေပြားအဖုအထစ်များ ဖြစ်ပေါ်လေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။


မျောက်ကျောက် ရောဂါအတွက် တိကျသော ကာကွယ်ဆေးမရှိသော် လည်း အဆိုပါရောဂါကို တိုက်ဖျက်ရာတွင် အသုံးပြုသည့် ကာကွယ်ဆေးများသည် ၈၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း သိရသည်။


မျောက်ကျောက်ရောဂါကို ပထမ ဆုံးအနေဖြင့် အာဖရိကနိုင်ငံများတွင် ၁၉၇၀ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ဂျီးရီယားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စတင်တွေ့ရှိခဲ့ကြောင်း၊ လက်ရှိကူးစက် နေမှုများသည် ခရီးသွားခြင်းများနှင့် ဆက်စပ်မှုမရှိကြောင်း အတည်ပြုထား သော်လည်း ကူးစက်ခံရသည့် အကြောင်း အရင်းကို တိကျစွာသိနိုင်ခြင်း မရှိသေး ကြောင်း၊ ထို့ကြောင့် ကူးစက်မှုများမှာ အတိုင်းအတာတစ်ခုအထိ ဆက်လက်ရှိ နေနိုင်ကြောင်း WHO ၏ တာဝန်ရှိသူ များက ပြောသည်။               

(ref:Reuters)






အခြားဆက်စပ်သတင်းများ