နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်စွမ်းကျန်းမာလမ်းလျှောက်ပါ

နံနက်ပိုင်းတွင် သွားသွားလာလာလမ်းလျှောက်သူများ ပေါများလာ၏။ လူငယ်၊လူရွယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှားမှုပြုနေကြသည်။


လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကိုများစွာ အထောက် အကူဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီများက အသိပေး ထားသည်။ အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွား၊ အများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေးကို လိုက်စားခဲ့ကြသည်။


ကျန်းမာရေးကို လိုက်စားရာတွင် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု(သို့မဟုတ်)လမ်းလျှောက်ခြင်းကို ပြုလုပ်သင့် သည်။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်လျှောက်သင့်သည်ဟု ပညာ ရှင်တို့ကဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများ ကို သန်မာအားကောင်းစေသည်။ အရိုး၊ အဆစ်တို့ကို သန်မာစေနိုင် သည်။ ထို့ကြောင့် လမ်းများများလျှောက်ခြင်းသည် အသက်ရှည် ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင်ဖြစ်၏။


အချို့အသက်ရှည်သော အဘိုး၊ အဘွားတို့သည် ကျန်းမာရေး အတွက် သီးသန့်လေ့ကျင့်ခန်းမပြုလုပ်ကြသော်လည်း လေ့ကျင့် ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှား အလုပ်များကို များများ လုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြသည်။


ယနေ့အခြေအနေတွင် လူငယ်၊ လူရွယ်များမှာ ပညာရေးနှင့် အခြားအပိုချိန်များအတွက် ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင် ရေးကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။ လုပ်ငန်းခွင် အတွင်း သွားလာလှုပ်ရှားမှုများတွင် လှေကားများအား‌ခြေထောက် အသုံးပြုတက်ရောက်ခြင်း၊ ဓာတ်လှေကားများကို စီးနင်းအသုံး မပြုဘဲတက်ရောက်ခြင်း၊ မနီးမဝေးခရီးများကို ခြေကျင်လျှောက် သွားလာခြင်း၊ ယာဉ်အသုံးပြုမှုလျှော့ချခြင်းများ ဆောင်ရွက်ခြင်း ဖြင့် ကျန်းမာရေး အထောက်အကူပြုမည်ဖြစ်သည်။


ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ်အဝ လွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ် ပွားမှုများပြားနေသော သွေးတိုးရောဂါ၊ ဆီချိုရောဂါကို ထိန်းထား ပေးနိုင်စွမ်းရှိ၏။

သို့ဖြစ်ရာလမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည် အနာမဲ့ကြောင်းနည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည်      ကျန်းမာစေရန်အတွက်လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာ စေကြောင်း။        ။






အခြားဆက်စပ်သတင်းများ