နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝတွက်တာ အရေးကြီးရာ မိခင်နို့ချိုတိုက်ကျွေးပါ

မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေ စုစုပေါင်း အနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေး ငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ် ကြသည်။ အနာဂတ်၏ သားကောင်းရတနာများသည် ယနေ့ ကလေးသူငယ်များသာဖြစ်သည်။


အဆိုပါ ကလေးငယ်များအာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှ သာ သားကောင်းရတနာလေးများ အမှန်ဖြစ်လာမည်။ ဉာဏ်ရည် ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေးအတွက် ကိုယ် ဝန်ဆောင် မိခင်များက အဓိကကျပေသည်။ မိခင်များ၏ ကျန်းမာ ရေးကို အထူးဂရုစိုက်ရမည်ဖြစ်သည်။ သတ္တဝါမှန်သမျှ အာဟာရ ပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။


မွေးဖွားလာသော ကလေးငယ်များ မွေးစခြောက်လအရွယ် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် လိုအပ်သည်။ ရင်သွေးငယ်များ အာဟာရချို့တဲ့မှုကြောင့် အသက်မဆုံးရှုံးစေ ရေးနှင့် အာဟာရပြည့်ဝရေးတို့အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုးတိုး တက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည့် စရိတ်ကျဉ်းသော မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်း၊ ကလေးငယ်များကို စနစ်တကျအစာ ကျွေးခြင်းတို့သည် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သား၊ သမီးကောင်း ရတနာများပေါ်ထွန်းလာအောင်ဆောင်ရွက်သည့် လုပ်ငန်းဖြစ် သည်။


တချို့နို့တိုက်မိခင်များသည် နို့ထွက်မကောင်းဘဲ ကလေး ငယ်လိုအပ်သော မိခင်နို့ပမာဏ ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်း သာရရှိကြသည်။ မိခင်အများစုသည် နို့ထွက်နည်းရခြင်း အကြောင်း မှာ စိုးရိမ်သောကရှိခြင်း၊ ဒေါသထွက်ခြင်း၊ နို့မတိုက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းကြောင့် ဖြစ်တတ်သည်။ နို့ထွက်ကောင်း စေရန် မိခင်ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်ရန် ရေများများ သောက်ရန်၊ အရည်ရွှမ်းသော သစ်သီးများစားရန်နှင့် ဖျော်ရည် သောက်ရန်လိုအပ်သည်။ သားဦးမိခင်များအနေဖြင့် ကလေးငယ်  ကို နို့တိုက်ရာမှာ ထိုင်ပုံအနေအထား၊ နို့တိုက်ပုံအနေအထား မမှန် ကန်မှုကြောင့် နို့ထွက်နည်းခြင်းဖြစ်တတ်သကဲ့သို့ ဆရာဝန်နှင့် သူနာပြုများထံမှ နို့ထွက်ပိုကောင်းစေသော အနေအထားမျိုး သင်ယူဖို့မရှက်ပါနှင့်။ မိခင်နို့တိုက်နေစဉ် ကလေးကကိုက်တတ် သည်ကို မကြောက်လန့်ရန်လိုအပ်သည်။


ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသော မိခင်များ ဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင် အောင်ပြုစုထိန်းသိမ်းခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိ တို့၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။          ။






အခြားဆက်စပ်သတင်းများ