ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မြို့ချောင်းကျေးရွာအနီးတွင် တည်ရှိသည့် ကန်ကလေးလျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းက နှစ်စဉ် နွေစပါးစိုက်ဧက ၃၁၄၂ အတွက် ရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော်နေ ပြည်သူ များ သောက်သုံးရေဖူလုံစွာ ရရှိနိုင်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်)၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ တစ်နေ့လျှင် သောက်သုံးရေ ဂါလန်သန်း ၆၀ ကို နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကန်ကလေးလျှပ်စစ်မြစ် ရေတင်စီမံကိန်းလုပ်ငန်းသည် လှိုင်မြစ်ရေကိုရယူလျက် ဖူးကြီး ရေလှောင်ကန်လှော်ကား ရေလှောင်ကန်သို့ ရေဖြည့်တင်း လျက်ရှိသည့်အချင်း ၆၀ လက်မ သံကူကွန်ကရစ် ရေပို့ ပိုက်လိုင်းသို့ ချိတ်ဆက်၍ လှော်ကားရေလှောင်ကန်ကို တစ်နေ့လျှင် ရေဂါလံ သန်း ၆၀ ဖြည့်တင်းပေးလျက်ရှိသည်။
ကန်ကလေးလျှပ်စစ်မြစ်ရေ တင်စီမံကိန်းလုပ်ငန်း၏ ပင်မ မြောင်း အရှည်မှာ ၁ ဒသမ ၉၂ မိုင် ရှိပြီး၊ လက်တံမြောင်း လေးခုနှင့် တူးမြောင်းအဆောက် အဦ ၅၄ ခုရှိသည်။ ရေစုပ် စက်များအဖြစ် PS-1 40 CUSEC PUMP ခြောက်စုံ၊ PS-2 7.7 CUSES PUMP နှစ်စုံ တပ်ဆင်ထားပြီး PS-1 ၃၀ လက်မ အချင်းပိုက်လိုင်းခြောက် လိုင်းနှင့် PS-2 ၁၂ လက်မ အချင်းပိုက်လိုင်း နှစ်လိုင်း တပ်ဆင်ထားသည်။
ထို့ပြင် ပေ ၃၀ အမြင့်ရှိသည့် ရေငြိမ်ကန်ကို တည်ဆောက် ထားပြီး PONTOON TYPE/FIXED TYPE ရေတင်စနစ်ကို အသုံးပြုထားသည်။ ကန်ကလေးလျှပ်စစ် မြစ်ရေတင်စီမံကိန်းလုပ်ငန်းမှ "ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့မြစ်ရေတင်ပေးတဲ့လုပ်ငန်းကို အဓိကလုပ်ဆောင်ပေးပါတယ်၊ ဒီတင်ပေးတဲ့ရေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတွေက အရည်အသွေးစစ်ဆေးမှုတွေကို အဆင့်ဆင့် ပြုလုပ်ပါတယ်၊ စီမံကိန်း မစခင်မှာလည်း ရေနမူနာတွေကိုယူပြီး စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်၊ ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရည်အသွေးပိုင်းမှာ စိတ်ချ ရပြီဆိုမှ ရေကိုအနည်ထိုင် တယ်၊ဆေးခပ်တယ်၊ ပြီးတော့ ဖူးကြီးပိုက်လိုင်းထဲကို ထည့် ပေးလိုက်တာ ဖြစ်ပါတယ်၊ လက်ရှိအသုံးပြုနေတဲ့ အချိန်မှာ လည်း စမ်းသပ်စစ်ဆေးမှုတွေ ကို အမြဲပြုလုပ်နေပါတယ်၊နိုင်ငံ တော်အနေနဲ့ တောင်သူတွေ ဘဝ တိုးတက်မြင့်မားစေဖို့၊ ဒီမြစ်ရေတင်စီမံကိန်းတွေကို လုပ်ဆောင်ပေးနေတာဖြစ်တဲ့ အပြင် အခုလိုမြို့တော်စည်ပင် နဲ့ ပူးပေါင်းပြီး မြို့တော်နေ ပြည်သူများအတွက် သောက် သုံးရေဖူလုံစေဖို့၊ ရေပေးဝေရတဲ့ လုပ်ငန်းကို ဆောင်ရွက်ရတဲ့ အတွက် များစွာဝမ်းသာ ဂုဏ်ယူပါတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးဦးတင်မောင်သန်းက ပြောပြသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအနေဖြင့် မြို့တော်နေ ပြည်သူများ အတွက် တစ်နေ့လျှင် သောက်သုံးရေဂါလန် သန်း ၂၂၀ ကို ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ်စသည့် ရေလှောင်ကန်များအပြင် လဂွန်းပြင်ရေပေးရေးစခန်းနှင့် ကန် ကလေးလျှပ်စစ် မြစ်ရေတင် စီမံကိန်းလုပ်ငန်းများက နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သတင်း-နန္ဒာဆွေ
ဓာတ်ပုံ-စောသိန်းဝင်း