နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ပြည်သူလူထုအတွက်

ရန်ကုန်   မေ  ၁၀   


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်ဌာနမှူး များ လိုက်ပါလျက်၊ ယနေ့နံနက် ၇ နာရီက ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ၁၃၁ ရပ်ကွက် ရေသန့်လမ်းရှိ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ရေပေးဝေရေးဇုန်  ၇  ရေစုကန်နှင့် ရေတွန်း စက်ရုံ၌ ကျင်းပသည့် လဂွန်း ပြင်ရေပေးဝေရေးဇုန် အမှတ် ၇ က ရေစတင်စမ်းသပ်ပေးဝေ ခြင်း အခမ်းအနားသို့ တက် ရောက်သည်။


အစီအစဉ်အရ ရန်ကုန် မြို့တော်ဝန်က အဖွင့်အမှာ စကား ပြောကြားရာတွင်          “ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တော်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မား စေရန်နှင့် အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်စေရန်၊ ကဏ္ဍပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ၊ ရေပေးဝေရေးကဏ္ဍသည် လည်း အရေးကြီးကြောင်း၊ ပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်စေရန် စီမံဆောင်ရွက်ပေးရမည်မှာ၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ တာဝန် တစ်ရပ်ဖြစ်ကြောင်း၊ ရန်ကုန် မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည် နှင့်အညီ၊ လူဦးရေတိုးတက် မှုနှုန်းမြင့်မားလာပြီးရေလိုအပ် ချက်မှာလည်း၊ မူလရည်မှန်း ထားသည်ထက် ပိုမိုများပြား လျက်ရှိကြောင်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရေအရင်း အမြစ်အသစ်များ တိုးချဲ့ရှာဖွေ ခြင်း၊ ရေတွန်းစက်ကြီးများ တည်ဆောက်တပ်ဆင်ခြင်း၊ ရေပို့ပိုက်လိုင်းနှင့် ရေစုကန်များ တည်ဆောက်ခြင်း၊ ရေဖြန့်ဝေ ရေးကွန်ရက်များ ဆက်သွယ် ခြင်းများအပြင် ရေအလေ အလွင့် ဆုံးရှုံးမှုလျှော့ချရေး လုပ်ငန်းများကိုလည်း၊ ရေတို ရေရှည်စီမံကိန်းများချမှတ်ကာ၊ စဉ်ဆက်မပြတ် ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ မူလပေးဝေလျက်ရှိ သည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားနှင့် ငမိုးရိပ်ရေ လှောင်ကန်တို့အပြင် လဂွန်း ပြင်ဆည်က တစ်နေ့လျှင် ရေဂါလန် သန်း၄၀ ပေးဝေ နိုင်ရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် JICA ODA Loan အစီအစဉ်ဖြင့် ဆောင်ရွက်ရန် သဘောတူ ညီမှုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စီမံကိန်းလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းပြီးစီးပါက ဒဂုံမြို့သစ်  လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များသို့ ရေဂါလန်  သန်း ၃၀  နှင့် သီလဝါအထူး စီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း ပေးဝေနိုင်မည်ဖြစ်ပြီး ယခုဆိုလျှင် စီးပွားရေးဇုန် ကိုပေးဝေရန် ပဲခူးမြစ်ဖြတ် ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရေပေးဝေရန် အဆင်သင့်ဆောင် ရွက်ပြီးဖြစ်ကြောင်း၊ ရေဂါလန် လေးသန်းခွဲဆံ့ဇုန်  ၇  ရေစု ကန်နှင့် ရေတွန်းစက်ရုံ၊ ရေ ဂါလန်                     ခြောက်သန်းဆံ့ ဇုန် ၈ ရေစုကန်နှင့် ရေတွန်း စက်ရုံများ တည်ဆောက်ပြီးစီးပြီ ဖြစ်သည့်အပြင် ရေပို့ ပိုက်လိုင်းများကို DMA အလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆက်သွယ်ပြီးစီးစေရန်ဆောင် ရွက်လျက်ရှိသဖြင့် ဇုန် ၈ မှ ရေပေးဝေမှုကို ၂၀၁၁ ခုနှစ် မေမှစတင်ပြီး  ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)  မြို့နယ်မှ           ယုဇနဥယျာဉ် မြို့တော်အပြင် မြနန္ဒာနိုင်ငံ့ ဝန်ထမ်း အငှားအိမ်ရာ၊ ရတနာ နှင်းဆီအိမ်ရာ၊ ဒဂုံမြို့သစ်မှ ဧရာချမ်းသာအဆင့်မြင့် အိမ်ရာများအပြင် သာကေတ၊ ဒေါပုံမြို့နယ်များအတွက်ပါ တစ်နေ့ လျှင် ရေဂါလန် ၁၀ သန်း တိုးချဲ့ပေးဝေနိုင်ခဲ့ကြောင်း၊  ယခု ဇုန်  ၇  မှ ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်များသို့ တစ်နေ့လျှင် ရေဂါလန် ငါးသန်း တိုးချဲ့ပေးဝေနိုင်ရန်အတွက် ဇုန်  ၇  ရေစုကန်မှ ရေကို 300 kW ရေတွန်းစက်ဖြင့် တွန်းပို့ရန် ယနေ့ရေတွန်းစက် ဖွင့်ပွဲ အခမ်းအနားကိုကျင်းပ ရခြင်းဖြစ်ကြောင်း၊ဆက်လက် ပြီး လဂွန်းပြင်ရေပေးဝေ ရေးစီမံကိန်းအနီး ဒဂုံမြို့ သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့နယ်များ ရှိ ပြည်သူ့အငှား အိမ်ရာ စီမံကိန်း၊ ပြည်သူ့သား ကောင်းအိမ်ရာနှင့် ဆက်လက် အကောင်အထည်ဖော်မည့် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများသို့ ရေပေးဝေနိုင်ရန် စီစဉ် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊   ရေပေးဝေရာတွင်လည်း အရည်အသွေးကောင်းမွန်သည့် HDPE ပိုက်လိုင်းများ အစားထိုးလဲလှယ်တပ်ဆင်လျက်ရှိကြောင်း၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ပြည်သူများ ရေ လုံလောက်စွာရရှိစေရန် ဘက် ပေါင်းစုံက စီမံဆောင်ရွက် လျက်ရှိရာ၊ ပြည်သူများ အနေဖြင့်လည်း၊ ရေကို အကျိုးမဲ့ဖြုန်းတီးခြင်း မပြုရန်၊ သုံးစွဲသည့်ရေပမာဏ အတိုင်း ရေဖိုးရေခအပြည့်အဝပေးချေ နိုင်ရန်အတွက် ရေမီတာ စနစ်ဖြင့် တပ်ဆင်သုံးစွဲရန်၊ ရေမီတာများပျက်စီးပါက ချက်ချင်းလဲလှယ်ရန်အတွက် ပြည်သူများနားလည် သဘော ပေါက်အောင် စည်းရုံးဆောင် ရွက်ရန် တိုက်တွန်းပါကြောင်း” ဖြင့် ပြောကြားသည်။


ထို့နောက် Greater Yangon Water Supply Improvement Project (MY-P5) ၏ Project Consultant ဦးအောင်ကိုမြင့်က လဂွန်းပြင် ရေပေးဝေရေးဆိုင်ရာ စီမံကိန်း အချက်အလက်များကို လည်း ကောင်း၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သွဲ့နိုင်ဦး က ရေပေးဝေရေးဇုန်  ၇ ဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ရှင်းလင်းတင်ပြ ရာ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးတင်ပြသည်။ 


ဆက်လက်၍ ရန်ကုန် မြို့တော်ဝန်က Supervisory Control and Data Acquisition - SCADA System ဖြင့် စက်ခလုတ်နှိပ်၍ ရေတွန်းစက်များကို မောင်းနှင် ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်များသို့ စတင်ပေးဝေသည်။


အဆိုပါ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်း များမှာ ၈၆ ဒသမ ၅ ရာခိုင် နှုန်းပြီးစီးပြီဖြစ်ပြီး  DMA အလိုက် ရေပို့ပိုက်လိုင်းများ ဆက်သွယ် ပြီးစီးပါက တစ်နေ့လျှင် ရေဂါလန်သန်း  ၄၀ ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ဇုန်  ၇ ရေတွန်းစက်ရုံတွင် 600 kW  ရေတွန်းစက် နှစ်လုံးနှင့် 300 kW  ရေတွန်းစက် နှစ်လုံး၊ စုစုပေါင်း လေးလုံး တပ်ဆင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရှိ ရပ်ကွက်  လေး ရပ်ကွက်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်  ၁၁ ရပ်ကွက်သို့ ရေဂါလန် ငါး သန်း ပေးဝေနိုင်ပြီဖြစ်ပြီး၊ စီမံကိန်းအရ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မှ ရပ်ကွက်  ၁၁  ရပ်ကွက်နှင့် ဒဂုံမြို့ သစ် (မြောက်ပိုင်း)မြို့နယ်မှ ရပ်ကွက်  ၁၆ ရပ်ကွက်သို့ ရေဂါလန် ရှစ်သန်း ထပ်မံ ပေးဝေနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊  သိရသည်။


ကမ္ဘာ့ပူနွေးမှု ဖြစ်စဉ်နှင့် အတူ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်း မှုနည်းပါးလာခြင်း၊ ပူပြင်း ခြောက်သွေ့သည့်ကာလ ရှည် ကြာလာခြင်းတို့၏  အကျိုးသက်ရောက်မှုအဖြစ်ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသည့် ရေလှောင်ကန်ကြီးများတွင် ရေသိုလှောင်မှု ပမာဏ နည်းပါးလာခြင်းကို ဖြေရှင်း နိုင်ရန်  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ရေတိုစီမံကိန်းဖြစ်သည့် လှိုင် မြစ်ရေကို သန့်စင်၍ လှော်ကား ကန်သို့ တစ်နေ့လျှင် ရေဂါလန်  ၆၀ သန်း ဖြည့်တင်းနိုင်သည့် လှိုင်မြစ်-လှော်ကား ရေအား ဖြည့်စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလကစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လတွင် ပြီးစီး၍ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ရေအရင်း အမြစ်သစ်များ တိုးချဲ့ ဆောင်ရွက်ခြင်းများအပြင် သက်တမ်းကြာရှည်၍ ရေပိုက်ပေါက်မှုမကြာခဏဖြစ်ပေါ်လေ့ရှိသည့် အချင်း ၆၆ လက်မ လှော်ကားကွန်ကရစ် ရေပို့ပိုက်မကြီးနှင့် အချင်း ၄၈ လက်မနှင့် အချင်း ၃၆ လက်မ ငမိုးရိပ်ကွန်ကရစ် ရေပို့ပိုက်မကြီးများကို လဲလှယ် ခြင်း၊ ရေဖိအားကောင်းမွန် စေရန်အတွက် ထပ်ဆင့်ရေ တွန်းစက်များ တည်ဆောက် တပ်ဆင်ခြင်း၊ ပန်းခြံမြေ နေရာများတွင် ဂါလန်တစ် သိန်းဆံ့နှင့် ဂါလန်ငါးသောင်း ဆံ့ ရေစုကန်များ တည်ဆောက်ခြင်း၊ Recycle Pipe Network များကို အရည် အသွေး ကောင်းမွန်သည့် HDPE ပိုက်များဖြင့် အစား ထိုးလဲလှယ်ခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။


ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဗိုလ်မှူး ဗထူးအိမ်ရာ အပိုင်း  ၁ သို့သွားရောက်၍ အိမ်ရာဝင်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဇုန်  ၇  မှ စတင်ပေးဝေသည့် ရေဝင်ရောက်မှု အခြေအနေ အားလည်းကောင်း၊ အိမ်ရာ တိုက်ခန်းများတွင် Ground Tank , Overhead Tank နှင့် ရေမီတာများ တပ်ဆင်ထားမှု ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ