နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေလကုန်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းနီးပါး တင်ပို့မည်

ရန်ကုန်   မေ  ၁၀


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နွေစပါးပေါ်ချိန်တွင် ပြည်ပနိုင်ငံ များသို့ ဆန်တန်ချိန် နှစ်သန်း ခန့် တင်ပို့ရောင်းချမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သိရသည်။


ယခု မေလကုန်တွင် ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း နှင့် နေပြည်တော်စသည့် ဒေသ များတွင် နွေစပါးများထွက်ရှိလာ မည်ဖြစ်၍ ပြည်ပသို့တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၅၀၉၄၆ ဒသမ ၈၆၆ တန်ကို ကုမ္ပဏီပေါင်း ၃၅ ခုက တင်ပို့ခဲ့ရာကန်ဒေါ်လာ သန်း ၈၀ ခန့်ရရှိခဲ့သည်။


လက်ရှိ ဆန်စပါးဈေးကွက် အတွင်း ဆန်ဈေးအနည်းငယ် မြင့်တက်နေပြီး တင်း ၁၀၀လျှင် ငွေကျပ်ခုနစ်သိန်းမှ ရှစ်သိန်း ကျော်အထိ ဈေးရရှိနေသည်။


မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် ဆန်စပါး ထုတ်လုပ်တင်ပို့မှု တိုးတက် စေရန်မိတ်ဖက်အဖွဲ့များ၊ ဌာန ဆိုင်ရာများနှင့်ညှိနှိုင်း၍ ဆန် ဝယ်ယူနေသည့် ဥရောပ၊ အာရှ၊ အာဖရိက စသည့်နိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ တောင်သူများအတွက်ချေးငွေ၊ မြေဩဇာ၊ မျိုးစပါးနှင့် အာမခံ ဈေးစသည်တို့ကို လုပ်ဆောင် ပေးလျက်ရှိသည်။          ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ