နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖူးမြော်ကြည်ညို

ရန်ကုန်   မေ  ၁၀


၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲများတွင် ကြီးကြပ်ဆရာတော်များ၊ စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော် များကို ယမန်နေ့မွန်းလွဲပိုင်းက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်းတို့ သွားရောက် ဖူးမြော်ကြည်ညိုကြ ပြီး အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဗဟန်းမြို့နယ် ကျောင်းတော်ရာ ရွှေကျင်တိုက်၊ သာသနာလင်္ကာရမဟာ ဓမ္မ ဗိမာန်တော်ကြီးရှိ စာဖြေဌာန တွင် သံဃာတော် ၃၆၇ ပါး၊ စမ်းချောင်းမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်း ကျောင်းစာဖြေဌာနတွင် သံဃာ တော်နှင့် သီလရှင် ၂၅၈ ပါးတို့၊ အခြေပြု​မူလတန်း၊ ပထမငယ် တန်း၊ ပထမလတ်တန်း၊ ပထမ ကြီးတန်း ဖြေဆိုနေမှုများကို ဖူးမြော်ကြည်ညိုပြီး စာဖြေဌာန တစ်ခုချင်းစီအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့်၊ အလှူငွေ ကျပ် ခုနှစ်သိန်းစီကို စာဖြေဌာန ကြီးကြပ်ဆရာတော်များအား၊ ဆက်ကပ်လှူဒါန်းသည်။ စမ်းချောင်းစာဖြေဌာနတွင် လူပုဂ္ဂိုလ် ၃၈ ဦးဝင်ရောက် ဖြေဆို​သည်။


အလားတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန် ကြားရေးမှူးတို့သည်​ မရမ်းကုန်း မြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း စာဖြေ ဌာနတွင်၊ ကြီးကြပ်ဆရာတော် များနှင့် အခြေပြု​မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ် တန်း၊ ပထမကြီးတန်းဖြေဆိုနေ ကြသည့် သံဃာတော်နှင့်သီလရှင် ၂၉၈ ပါးတို့ကို ဖူးမြော်ကြည်ညို ကြပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကလှူဒါန်းသည့် အလှူငွေကျပ် ခုနှစ်သိန်းကို ကြီးကြပ်ဆရာ တော်များထံ ဆက်ကပ်လှူဒါန်း သည်။  ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ