နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေး

ပွင့်ဖြူ   မေ   ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီ နှင့်ဆောင်းရာသီ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မေ ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့က ကျေးရွာများသို့ ကွင်းဆင်းကာ  အသိ ပညာပေးဆွေးနွေးကြသည်။ 


အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့က ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၊  အရှေ့လေးအိမ် ကျေးရွာနှင့် အနောက်ကိုင်းကျေးရွာ နေပြည်သူများနှင့်တွေ့ဆုံကာ စားသုံးဆီ ဖူလုံစေရေးအတွက်  ၂၀၂၂ - ၂၀၂၃  ခုနှစ်၊ မိုးရာသီနှင့် ဆောင်းရာသီ တွင်  ဆီထွက်သီးနှံနေကြာသီးကို တိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲ များရှိပါက သက်ဆိုင်ရာဌာနများ  နှင့်ချိတ်ဆက်၍ အကူအညီရယူ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ 


ထို့နောက် မြို့နယ်အဆင့် တာဝန်ရှိ သူများက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  လုံခြုံရေး ပြည်သူများ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံ နိုင်ရေးတို့ကိုဆွေးနွေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကတာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးနှင့်ဆောင်းနေကြာသီးနှံ စိုက်ပျိုးရေးကို ဆွေးနွေးပြောကြားပြီး နေကြာသီးနှံ ပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေး သည်။


ပွင့်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စု   ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာ ရှိပြီး၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးနေကြာ စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၄၄ အုပ်စုမှ ဒေသခံတောင်သူများ နေကြာ  သီးနှံကို သီးညှပ်စိုက်ပျိုးနိုင်ရေး အတွက် နေကြာသီးနှံမျိုးစေ့ ၉၄ တင်း ကို တောင်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း  သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ