နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဇလွန်    မေ     ၁၀


ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် RS-CS (မျိုးစေ့ထုတ်) တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့က မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။


အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က မျိုးစေ့ထုတ် တောင်သူများအား အရည်အသွေးပြည့် မီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ မြေဆီလွှာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများက မျိုးစေ့ထုတ်တောင်သူများ အားမျိုးပွားမျိုးသန့်မျိုးစေ့နှင့် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင် ကျော်ဟိန်းက Urea ဓာတ်မြေသြဇာ ဖြန့်ဖြူးမည့်အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး ဇလွန်မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက ယခုနှစ် RS-CS မျိုးစေ့ထုတ်ဧက ၂၃၀ ဧက လျာထား ဆောင်ရွက်ထားရှိပြီး သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) ဧက ၂၃၀ ဧက အတွက် တစ်ဧကလျှင် လေးပြည်နှုန်း ထောက်ပံ့ပေးအပ်ပြီး ဇလွန်မြို့နယ် ၌ယခုနှစ်မိုးစပါးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်) ဧက ၁၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ