ကျိုင်းတုံ မေ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကျင်းပသော နွားနောက်ပြပွဲ ၂၀၂၂ ခုနှစ် မေ ၈ ရက်တွင် ကျိုင်းတုံမြို့ ရှောင်လမ်းအနီးနောင်လုံ စိုက်ပျိုးမွေးမြူရေးခြံ၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသသည် ရေမြေတောတောင်သယံ ဇာတကြွယ်ဝသဖြင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်း ကောင်းများစွာရှိပါကြောင်း၊ ဖြစ် ထွန်းအောင်မြင်လျက်ရှိသည့် နွားနောက် မွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုဖြစ်ထွန်းလာစေရန်၊ နွားနောက် မွေးမြူရေး လုပ်ငန်းရှင်များ ယခု ထက်ပိုမိုများပြားလာစေရန် ရည်ရွယ် ၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် နွားနောက်ပြပွဲဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက်နွားနောက်များ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့် ရရှိလာမည့်အချိန်တွင် နွားနောက် မွေးမြူရေးလုပ်ငန်းရှင်များ လူမှုစီးပွား ဘဝတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်နှင့် နွားနောက်မွေးမြူရေး လုပ်ငန်းရှင် ဦးအားဂျိုးတို့က နွား နောက်မွေးမြူရေးဆိုင်ရာ သိကောင်းစရာ များနှင့် နွားနောက်မွေးမြူရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေ များကို ဆွေးနွေးသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ နှင့် တက်ရောက်လာကြသူများက မွေးမြူရေးဆိုင်ရာပြခန်း၊ နွားနောက် မွေးမြူရေးဆိုင်ရာ ပြခန်းနှင့် ခြံလှောင် ပြသထားသည့် နွားနောက်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)