နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါးများ အလေအလွင့်မရှိရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အလေးထားအားပေးနေ ခြင်းကြောင့် တောင်သူလယ်သမားတို့၏ စီးပွားရေးဘဝရှင်သန် ရပ်တည်မှုသည် ရှေးယခင်နှင့်မတူ တိုးတက်ကောင်းမွန်လာ၏။ မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးသည့်နိုင်ငံဖြစ်၏။ မိုးစပါးတစ်သီးစားမှ နွေစပါးကိုကျယ်ပြန့်စွာ စိုက်ပျိုးလာ၏။ နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှု         စီးပွားဘဝတိုးတက်မြင့်မားလာရေးအတွက် အလေးထားဆောင် ရွက်နေခြင်းဖြစ်သည်။


ရင့်မှည့်ပြီး စပါးခင်းများမိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ ကြောင့် ယိုင်လဲမှုများဖြစ်ပေါ်ပါက ယင်းစပါးခင်းများတွင် အောက် ရေကို အမြန်ဆုံးထုတ်ပေးပြီး ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ အခြောက်ခံစက်များအသုံးပြု၍ စက်စွမ်းအား၊ လူစွမ်းအားဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တလင်းပျောက်စနစ်ဖြင့် ရိတ် သိမ်ခြင်းဖြင့် ဆုံးရှုံးမှုများသက်သာစေနိုင်သည်။


နိုင်ငံတစ်ဝန်းစပါးစိုက်တောင်သူလယ်သမားများ ပင်ပန်း ဆင်းရဲစွာ စိုက်ပျိုးထားသော စပါးသီးနှံများအလေအလွင့် လျော့နည်းစေပြီး အရည်အသွေးပိုမိုကောင်းမွန်ရေးကို ဆောင် ရွက် ပေးခြင်းအားဖြင့် စပါးစိုက်တောင်သူများ၏ မိသားစုတစ်စုချင်း ဝင်ငွေ နှင့် လူနေမှုဘဝကို တိုးတက်စေနိုင်ရန်အတွက် မိုးဦးလေ ဦးကျချိန်တွင် နွေသီးနှံများကို အချိန်မီ ရိတ်သိမ်းနိုင်၍ အမိုးအကာ များအောက်သို့ရောက်ရှိရေး သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက် ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုရန်လိုအပ်သည်။


ပြည်ပဝယ်လိုအား ကောင်းမွန်မှုကြောင့် မြန်မာ့လယ်ယာ ထွက်ကုန်သီးနှံ မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲအုပ်စုဝင်ပဲများ၏ ဈေးနှုန်းများကောင်းမွန်လျက်ရှိရာ တောင်သူတို့ဝင်ငွေကောင်းမွန် သကဲ့သို့ နွေစပါးစိုက်တောင်သူများ ဝင်ငွေကောင်းမွန်ရေးစပါးရိတ် သိမ်းခြွေလှေ့စက်များအား  တောင်သူလယ်သမားများလက်လှမ်းမီ စွာအသုံးပြုနိုင်ရေး အရေးပါလှသည်။


လယ်ယာကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပြီး လူဦးရေအများဆုံးဖြစ်သော ကျေးလက်ဒေသနေပြည်သူ များ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်းဖြစ်ရာ  လယ်ယာကဏ္ဍနှင့် စိုက်ပျိုးသီးနှံများစိုက်ပျိုးသမျှအောင်မြင် ပြီး အကျိုးဖြစ်ထွန်းမှု အပြည့်အဝရရှိရေးအတွက် ရာသီအလိုက် ရှောင်ရန်၊ ဆောင်ရန်အချက်များကို အထူးဂရုပြုအလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။






အခြားဆက်စပ်သတင်းများ