နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာလိုဝတ်ဆင် လှစေချင်

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝံ့ကြွားထည်ဝါအားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှပေသည်။ မြန်မာတို့သည် အစဉ်အလာ အရ ဝတ်စားဆင်ယင်၊ ပြောဆို၊ ကျင့်ကြံမှုအားလုံးသည် မြန်မာမှု၊ မြန်မာယဉ်ကျေးမှုပင် ဖြစ်သည်။


ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ရေ၊ မြေ၊ တော၊ တောင် မတူသောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာယဉ်ကျေးမှု ဓလေ့၊ ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံ ဆင်း ညီအစ်ကိုမောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှု အတူတူပင်ဖြစ်သည်။


ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်အလှများ ရှိကြသည်။ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အဓွန့်ရှည်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက် ကြရသည်။ ဤစာပေနှင့် ယဉ်ကျေးမှုသည်ပင်လျှင် နိုင်ငံ၏ အသက်ဖြစ်သည်။ စာပေပျောက်လျှင် ယဉ်ကျေးမှုပျောက်မည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးနှင့် နိုင်ငံပါ ပျောက်နိုင်ပေသည်။ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး ပြောင်းလဲသင့်သည့် ယဉ်ကျေးမှုကို ပြောင်းလဲပစ်ရမည်။ 


မျက်မှောက်ခေတ်ကြီး လျှင်မြန်တိုးတက်လာသည်နှင့် အမျှ ယဉ်ကျေးမှုများလည်း ရောထွေးကုန်ကြပြီး၊ အနောက်နိုင်ငံ ယဉ်ကျေးမှုများ အရှေ့ရောက်လာကြသည်။ မည်သည့်နိုင်ငံမှ မည်သည့်ယဉ်ကျေးမှုပင် မသိနိုင်တော့။ အထူးသဖြင့် အနောက် တိုင်း ဝတ်စားဆင်ယင်မှုများ အရှေ့သို့ကူးစက်လာသည်။ ရေရှည် တွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှု တိမ်ကောသွားဖွယ် ရှိသည်။ 


ဤလောက၌ ဗုဒ္ဓအလိုအရ တည်မြဲခြင်းဟူသည်ကား မရှိ၊ အရာခပ်သိမ်းတို့သည် အနိစ္စသဘောအရ ပြောင်းလဲနေတတ်၏။ ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့် တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲ ရေစီးကြောင်းအတွင်း လိုက်ပါကြသူများရှိသကဲ့သို့ မလိုက်ပါသူများလည်း ရှိ၏။ 


ယနေ့လူငယ်လူရွယ်အချို့သည် ခေတ်မီလိုကြသည်။ အလှအပကို အလွန်ခုံမင်ကြသည်။ တစ်မူထူးကဲပြီး ဆန်းသစ် သော တီထွင်မှုများဖြင့် ဝတ်စားဆင်ယင်သူ များပြားလာသည်။ ခေတ်မီအောင် ဝတ်စားဆင်ယင်လာကြသည်။ ခေတ်မီခြင်းကား ကောင်းပါသည်။ ခေတ်လွန်ခြင်းက မကောင်းပါ။


ယနေ့ မြန်မာအမျိုးသမီး အများစုသည် မိမိကိုယ်မိမိ မြန်မာဆိုသည်ကို ဂုဏ်ယူစွာဖြင့် ခေတ်နှင့် အညီ ဝတ်စားဆင်ယင် ရမည်ဖြစ်သော်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်သည့် လွန်ကဲသော ဝတ်စားဆင်ယင်မှုများ မပြုလုပ်ရန်လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။






အခြားဆက်စပ်သတင်းများ