နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုစီးပွားဘဝ မြှင့်တင်ရေး

ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကိုးဘီလီယံ အထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထားကြ သည်။ ယနေ့ကမ္ဘာကြီးတွင် ရှစ်ဘီလီယံခန့် ရောက်ရှိနေပြီဖြစ် သည်။


ကမ္ဘာ့လူသားအားလုံး လိုအပ်နေသည့် စားနပ်ရိက္ခာလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးက ကြိုးပမ်းဆောင်ရွက် နေကြသည်။ လူတိုင်း သက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ်ရရှိရန်လည်း လိုအပ် သည်။


ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုအပေါ် စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာဖြည့်တင်းနိုင်မှု စနစ်တည်တံ့ခိုင်မာရေးသည် အဓိကကျပေသည်။ စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်လာခြင်းမှသည် ငတ်မွတ်သူ ပပျောက်ရေးအစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတု အပေါ် မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲ များ ရှိနေသည်။


သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှုကို များစွာ အထောက်အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူဖြစ်စေမည်ဖြစ်ပေသည်။ 


မြန်မာနိုင်ငံတွင် လက်ရှိ အနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွား လာမည့် လူဦးရေအတွက် ရေရှည်မျှော်မှန်းပြီး ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ 


စိုက်ပျိုးရေးကဏ္ဍတွင် လူငယ်လူရွယ်များ ကျေးလက်ဒေသ ကို စွန့်ခွာလာကြသည့်အတွက် လယ်ယာလုပ်သားရှားပါးမှု၊ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် သွင်းအားစု အခက်အခဲများ ကြုံတွေ့လာရခြင်းများ ဖြစ်ပေါ် လျက်ရှိသည်ကို ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ရန်လိုအပ်သည်။


နိုင်ငံတော်အစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးအတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ထိထိ ရောက်ရောက် ကြိုးပမ်းဆောင်ရွက်နေသည်။ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝကိုမြှင့်တင်ရင်း၊ လူ့ဘောင်ဘဝကြီး ပိုမို ထွန်းတောက်လာအောင် အားထုတ်ကြိုးပမ်းစေချင်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ရင်း၊ အရှိန်အဟုန်ဖွံ့ဖြိုးရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ