နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်သမ္မတ ဒူတာတေးအွန်လိုင်းကြက်တိုက်မှုကို ပိတ်ပင်မည်ဟုပြော

 မနီလာ၊  မေ  ၅


အွန်လိုင်း ကြက်တိုက်ပွဲများကြောင့် မကြာခဏလူသတ်မှုနှင့် အခြားတိုက် ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် ဖိလစ် ပိုင်သမ္မတ ဒူတာတေးသည် အွန်လိုင်း ကြက်တိုက်ပွဲများကို တားမြစ်ပိတ်ပင် မည်ဖြစ်ကြောင်း မေ ၄ ရက်တွင် ပြောကြားလိုက်သည်။ ကြက်တိုက်ပွဲ သည် အရှေ့တောင်အာရှတွင်  လူကြိုက် များသောပွဲဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ကြက်တိုက်ရုံများ ပိတ်ထားရသည့် အတွက် ကြက်တိုက်ပွဲများကို အွန်လိုင်း မှတဆင့် ပြန်လည်ပြုလုပ်လာခြင်းဖြစ် သည်။


သမ္မတ ဒူတာတေးကို ယခင်က ကြက်တိုက်ပွဲများ ပိတ်ပင်ပေးရန် ​ပြည် သူများ၏  တောင်းဆိုမှုများရှိခဲ့သော် လည်း  ကြက်တိုက်ပွဲများမှ လစဉ်အခွန် ငွေ ကန်ဒေါ်လာ ၁၂ သန်း ရရှိသည် ဟူသော အကြောင်းပြချက်ဖြင့် တောင်း ဆိုမှုများကို ပယ်ချခဲ့သည်။ 


ယခုကဲ့သို့ အွန်လိုင်းကြက်တိုက်ပွဲ ပိတ်ပင်ရန်   တောင်းဆိုလာမှုသည် ကြက်တိုက်ပွဲအတွက်  ကြက်များကို ရောင်းချပေးသူ စုစုပေါင်း ၃၄ ဦးခန့် အသတ်ခံရပြီးနောက် ကြက်တိုက်ပွဲပိတ် ပင်ရန် တောင်းဆိုမှုများရှိလာခြင်းဖြစ် သည်။ ဆိုးရွားသည့် ဖြစ်စဉ်တစ်ခုမှာ မနီလာမြို့ရှိ  အမျိုးသမီးတစ်ဦးသည် ကြက်တိုက်ပွဲတွင် လောင်းထားသော အကြွေးငွေ ပီဆို ၄၅၀၀၀ ကိုဆပ်ရန် သူမ၏ သမီးဖြစ်သူကို ရောင်းချခဲ့ကာ ရောင်းစားခံရသော ကလေးငယ်ကိုပြန် တွေ့ခဲ့ပြီး ဝယ်ယူသူကိုလည်းဖမ်းဆီး ထားကြောင်း ရဲများ၏ပြောကြားချက် အရ သိရသည်။

 (Ref:AFP)






အခြားဆက်စပ်သတင်းများ