နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန် မြို့တော်ခန်းမ

၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ ယခု မြို့တော်ခန်းမနေရာတွင် စိန်ပေါလ်ကျောင်းခွဲ တစ်ခုဆောက်လုပ်ဖွင့်လှစ်ခဲ့သည်။ ၁၈၈၅ ခုနှစ် မတိုင်မီ ယင်းမြေကွက်ပေါ်၌ ရီပွန်ခန်းမ ခေါ်ကပွဲရုံတစ်ခုရှိခဲ့သည်။ ရန်ကုန်မြူနီစီပါယ် ကိစ္စများကို ၁၈၇၄ ခုနှစ်တွင် ပထမဆုံးဖွဲ့စည်း သည့် မြူနီစီပါယ်ကော်မတီကဆိုင်ရာ လုပ်ငန်း များကို လွှဲပြောင်း ဆောင်ရွက်သည်။ ထိုအဖွဲ့ ကော်မတီ၏ ဥက္ကဋ္ဌသည် ရန်ကုန်ရာဇဝတ် တရားသူကြီးဖြစ်သဖြင့် ၎င်း၏ရုံးတွင် မြူနီစီ ပါယ်ရုံးကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၈၈၆ ခု၊ နိုဝင်ဘာ ၁၉ ရက်တွင် ယခု ဘဏ်လမ်း၊ ယခင်ရှက်ဖရက်လမ်း (Shafrag Street) တောင်ဘက် နှစ်ထပ်တိုက်၊ ရီပွန်အဆောက် အအုံကို ထိုစဉ်က ကျပ်ငွေ တစ်သိန်းဖြင့် ဝယ်ပြီး လုပ်ငန်းများပြောင်းရွှေ့ ဆောင်ရွက် ခဲ့သည်။


မြို့တော်ခန်းမဟု ယနေ့ခေါ်ဝေါ်သော မြူနီ စီပါယ်ရုံးသစ်ကို၊ ၁၉၈၂ ခုနှစ်တွင် စတင်တည် ဆောက်နိုင်ခဲ့သည်။ ပထမဆုံးရုံး၏မျက်နှာ စာကို ယခုစည်ပင်လမ်း (ထိုစဉ်က Corporation Street) ကော်ပိုရေးရှင်းလမ်းဘက်သို့ မျက်နှာပြု၍ ဆူးလေဘုရားလမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း) ကြား တွင် ကလပ်အင်ဂရိတ်ကုမ္ပဏီ (Clark & Grate Company) က ကန်ထရိုက်ယူ ဆောက်လုပ်ခဲ့သည်။ အင်ဂျင်နီယာအမည်မှာ မစ္စတာဘရေးဟုခေါ်ကြောင်း သိရှိရပြီး ဌာနဝန်ထမ်းမဟုတ်ဟုဆိုသည်။ ခန့်မှန်းငွေ ကျပ်ရှစ်သိန်းခန့်ကုန်ကျခဲ့ပြီး၊ ၁၉၃၀ ပြည့် နှစ်တွင် မြောက်ဘက်ခန်းမကြီးနှင့် မြူနီစီပါယ် ကောင်စီကော်မတီအစည်းအဝေးခန်းမကြီးတို့ပါ တည်ဆောက်မှု၌ ပါဝင်ခဲ့သည်။


၁၉၃၄ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ မြို့တော်ခန်းမအပါအဝင် အဆောက်အအုံကြီး တစ်ခုလုံးကို ဆောက်လုပ်ရာတွင် မြန်မာတို့ အဖို့ ဗြိတိသျှကိုလိုနီဖြစ်လင့်ကစားမြို့တော် ခန်းမဆောက်လုပ်သူ အင်ဂျင်နီယာအကြောင်း ဂုဏ်ယူစွာဖော်ပြရန်လိုပါမည်။ သူ့ကို အင်ဂျင် နီယာဟူသော ဝေါဟာရအစား ဗိသုကာ အမည် ဖြင့် ထင်ရှားသူ ဦးတင်(ဗိသုကာဦးတင်) ဖြစ်ပါသည်။ ဦးတင်အား အဖ ဦးတိုး    (မြေတိုင်း အင်စပက်တာ) နှင့် အမိဒေါ်မြကြီး (မန္တလေး နန်းတွင်းသူ ဒေါ်နှစ်၏ မြေး) တို့မှ အမှုထမ်း ဘဝဖြင့် မန္တလေးမြို့ ပုလဲငွေရောင်ရပ်တွင် ၁၈၉၃ ခုနှစ်၌ မွေးဖွားခဲ့သည်။


ငယ်စဉ်ကပင် မန္တလေးမြို့ စိန်ပီတာကျောင်း တွင် ပညာသင်ခဲ့ကာ ၁၀ တန်းအောင်ခဲ့ပြီး နောက် အင်းစိန်မြို့၊ ဂျီတီအိုင်ကျောင်းတွင်  Civil Engineer ဘာသာရပ်ဖြင့် ဆက်လက် ပညာ သင်ကြားခဲ့သည်။ ထိုကျောင်း မှ ပညာသင်ကြားအောင်မြင်ခဲ့ပြီး နောက် P.W.D (Public Work Department)တွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။  ရန်ကုန်မြို့ တံတားလေးစိတ် ရောဂါကုဆေးရုံဆောက်လုပ်ရာတွင် Supervisor အဖြစ်လည်း တာဝန်ယူခဲ့သည်။ 


ထိုအချိန်က အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ရှိ (Sir Jamsted Ji Jee Bho) ကျောင်းတွင် ဗိသုကာပညာများ လေ့လာနိုင်ရေး ပညာတော် သင်အဖြစ် အရွေးခံရပြီး ၁၉၂၃ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ သွားရောက်သင်ကြားကာ မြန်မာ ပြည်သို့ ပြန်လာပြီး မူလဌာနတွင် လက်ထောက် ဗိသုကာရာထူးဖြင့် အမှုထမ်းခဲ့သည်။


၁၉၂၈ ခုနှစ်တွင် မြန်မာပြည်တွင်အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဦးဘဘေ(ဘကြီးဘဘေး) ခေါင်းဆောင်သော ၂၁ ဦးပါတီနှင့် ဦးချစ် လှိုင်(ဝံသာနု) ခေါင်းဆောင်သော မျိုးချစ်ပါတီတို့ သဘောထားကွဲလွဲနေချိန်ဖြစ်သည်။ ဦးဘဘေက "မြို့တော်ခန်းမ" တစ်ခုတည်းဆောက် သင့်ကြောင်း တင်ပြချက်အရ ၁၉၂၈ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျင်းပသော မြူနီ စီပါယ်ကော်မတီအစည်းအဝေးတွင် အစည်း အဝေးဆုံးဖြတ်ချက်အရ လက်ရှိမြေနေရာအား ဗြိတိသျှအစိုးရထံမှ ၁၆၉,၁၈၂ ရူပီးဖြင့် အင်ဂျင်နီယာ မစ္စတာဘရေး (Mr.Bray) ဆိုသူ အား အဆောက်အဦးပုံစံထုတ်လုပ်တင်ပြစေခဲ့ သည်။


သို့ရာတွင် မစ္စတာဘရေးတင်ပြသော အဆောက်အဦပုံစံသည် ခေတ်မီသော်လည်း မြန်မာမှုဟန်များမပါဝင်သဖြင့် မစ္စတာဘရေး  အား မန္တလေးမြို့သို့ စေလွှတ်၍ မြန်မာမှု လက်ရာ များကို လေ့လာစေသည်။ မစ္စတာဘရေးသည် မြန်မာမှုလက်ရာများကို လေ့လာ၍ ဒုတိယ အကြိမ်ပုံစံထုတ်တင်ပြခဲ့ပြီး ဆောက်လုပ်ခဲ့ရာ တစ်ပတ်ခန့်ပြီးစီးချိန်တွင် မြန်မာတို့က မြန်မာ့ ယဉ်ကျေးမှုလက္ခဏာများမပါဝင်သဖြင့် မကျေ မနပ်ဖြစ်ကာ ဝိုင်း၍ အရေးဆိုကြသည်။


ထို့ကြောင့် မြူနီစီပါယ်ကော်ပိုရေးရှင်းတွင် ဆောက်လုပ်ရေး အင်ဂျင်နီယာအဖြစ်တာဝန်ထမ်း ဆောင်နေသောဦးတင်အား မြန်မာ့အနုပညာ လက်ရာနှင့် မြန်မာ့ဟန်များ ပါဝင်သော မြို့တော် ခန်းမပုံစံတစ်ခုအား အရန်အဖြစ် ရေးဆွဲရန် ဝိုင်းဝန်းတိုက်တွန်း အားပေးခဲ့ကြသဖြင့် ဦးတင် နှင့် ၎င်း၏ယောက်ဖဖြစ်သူ ဦးသိမ်းမောင်၊ တပည့်ဖြစ်သူ ဦးရိုင်းတို့သုံးဦးသည် မြန်မာ့ ဟန်ပန်များပါတွင်သော ပုံစံရရှိရေးလေ့လာ ရေးခရီးအဖြစ် ပုဂံမြို့ရှိအုတ်နှင့်ပြုလုပ်သော ဘုရားနှင့်အဆောက်အဦးများအား လေ့လာမှု ပြုခြင်း၊ နမူနာပုံစံများအဖြစ် ဓာတ်ပုံပေါင်း ၂၀၀ ကျော်ရိုက်ကူးခြင်းများပြုလုပ်ကာ လေ့လာ ခဲ့ကြသည်။ ထိုအချိန်က မြန်မာ့ဟန်ပန်ပါသော အဆောက်အဦများမှာ ပုဂံတွင်သာရှိနေသဖြင့် ပုဂံလက်ရာများ မှီငြမ်းမှုပြုလုပ်နိုင်ရန်သွား ရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗိသုကာ ဦးတင်အနေနှင့် နောက်ထပ် သီးသန့်တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင် သွားရောက်လေ့လာပြီးမှ ဤမြို့တော်ခန်းမပုံစံကို ရေးထုတ်ခဲ့ခြင်းဖြစ် သည်။ ၎င်းအပြင် မြို့တော်ခန်းမကို ၎င်းကိုယ် တိုင်ကြီးကြပ်၍ ဆောက်လုပ်ခဲ့ပါသည်။ ကိုယ် တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့ရာ အဆောက်အအုံ၏ ခေါင်မိုးငြမ်းမှ ပြုတ်ကျပြီး အောက်ဆုံး ငြမ်းတွင် တင်နေသဖြင့် နံရိုးခုနစ်ချောင်း၊နေရာ ၁၄ နေရာ ကျိုးသွားပြီး ညှပ်ရိုးကျိုးခြင်း၊ ပေါင်အဆစ် လွဲခြင်းနှင့် ဦးခေါင်းခွံ အက်သွားခြင်း ဒဏ်ရာ များရှိခဲ့ပါသည်။


ဗိသုကာဦးတင်သည် ဘုံဘေတွင် ကျောင်း တက်စဉ်ကတည်းက ဝါသနာအရ (Messrs, Ereeson, Bratly& Kihib) ဗိသုကာကုမ္ပဏီတွင် ဝင်ရောက်လေ့လာလုပ်ကိုင်ခဲ့ဖူးပါသည်။


ရန်ကုန်မြူနီစီပါယ် ကော်ပိုရေးရှင်းတွင် အဆောက်အအုံအင်ဂျင်နီယာအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ပြီး မြို့တော်ခန်းမ တည်ဆောက် ရာတွင် ပန်းပုပညာရှင်ဖြစ်သူ မန္တလေးမှ ဆရာခင်နှင့် သားများအား ခေါ်ယူ၍ ရှေးဟောင်း အနုပညာလက်ရာ ပုံစံများအတိုင်းဆောင်ရွက် စေခဲ့ပါသည်။ အင်္ဂလိပ်အစိုးရမှ ၎င်းအား K.S.M ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပါသည်။


ဗိသုကာဦးတင်သည် ၁၉၃၄ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ မြို့တော်ခန်းမအပါအဝင်အဆောက် အဦးတစ်ခုလုံးကို အောက်ပါနှစ်အလိုက် ဆောင် ရွက်ပြီးစီးခဲ့ကြောင်း တွေ့ရှိရပါသည်။


(၁) ၁၉၃၄-၁၉၃၅ ခုနှစ်တွင် ဆူးလေ ဘုရားဘက် မျက်နှာပြုသော အနောက်ဘက် ခန်းမကြီး ကုန်ကျငွေကျပ် ခန့်မှန်း ခုနှစ်သိန်း၊

(၂)  ၁၉၃၆-၁၉၃၇ မြို့တော်ခန်းမ၊ ခန့်မှန်း ကုန်ကျငွေကျပ် ၁၂ သိန်းကျော်၊ 

(၃) ၁၉၃၈-၁၉၃၉ မဟာဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း) ဘက် မျက်နှာပြုသော အရှေ့ဘက်ခန်းမဆောင်၊ ခန့်မှန်းကုန်ကျ ငွေ ကျပ် ၅ သိန်းခန့်၊

(၄)  ၁၉၃၉ ခုနှစ်မှာပင် ကျန်ရှိသော အနောက်ဘက်ခန်းမဆောင်၊ မြို့တော်ခန်းမတောင်ဘက်ခန်းမဆောင်နှင့် အရှေ့ဘက်ခန်းမ တောင်များ ဆက်လက်ဆောက်လုပ်ခဲ့လေသည်။ ထို့ကြောင့် ၁၉၂၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ၁၁ နှစ်ကြာ တည်ဆောက်ခဲ့သော မြို့တော် ခန်းမအဆောက်အအုံသည် မြန်မာကျပ်ငွေ ၃၂ သိန်းခန့်ကုန်ကျခံ ဆောက်လုပ်ခဲ့ရကြောင်း တွေ့ရှိရပါသည်။   ။






အခြားဆက်စပ်သတင်းများ