နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲများ အောက်တိုဘာလတွင် ပြန်လည်ကျင်းပမည်

ရန်ကုန်  ဇွန် ၆

COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲများကို လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲများအား COVID-19 ဗိုင်းရပ်စ် ကြောင့်ရွှေ့ဆိုင်းခဲ့ရာမှ လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပြန်လည်ကျင်းပရန် အာရှ ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင်နိုင်ငံများအား ဆက်သွယ်အကြောင်းကြားလာခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အဆိုပါပွဲစဉ်အပြီး ၅ ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်အဖြစ် မန္တလေးမြို့တွင်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကို နိုဝင်ဘာ ၁၇ ရက်တွင် သွားရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ