နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ - ကိုရီးယားချစ်ကြည်ရေးတံတား ( ဒလ) တံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ယက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းစတင်မည်


ရန်ကုန်   ဧပြီ   ၉

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရန်ကုန် ဘက်ခြမ်း ချဉ်းကပ်တံတားယက်မ ကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို လာမည့် ဧပြီ ၉ ရက်တွင် စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ တံတားဦးစီးဌာနမှ သိရသည်။


အဆိုပါ ချဉ်းကပ်တံတားယက်မ ကြီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဧပြီ ၉ ရက် နံနက် ၄ နာရီမှ ဧပြီ ၁၈ ရက် နံနက် ၄ နာရီအထိ ဆောင်ရွက် မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက် နေစဉ်အတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဘုန်းကြီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်း ကြား) အပိုင်းကို ယာယီလမ်းပိတ်ထား မည်ဖြစ်ကြောင်း တံတားဦးစီးဌာန၊ စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့မှ အသိပေး ထားသည်။


ထို့သို့  လုပ်ငန်းများဆောင်ရွက်မည့်  ကာလအတွင်း ပြည်လမ်းနှင့်ဘုန်းကြီးလမ်း(အောက်ဘလောက်)မှ လာသော မော်တော်ယာဉ်များအနေဖြင့် ဗိုလ်ချုပ် လမ်းနှင့် အနော်ရထာလမ်းတို့မှ လမ်းလွှဲ မောင်းနှင်ကြရမည်ဟုလည်း စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့က ကြိုတင် အသိပေးနှိုးဆော်ထားသည်။


ရန်ကုန်-ဒလတံတား တည်ဆောက် ရေးစီမံကိန်းအတွက် ကိုရီးယားသမ္မတ နိုင်ငံ၏ EDCF Loan (ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ရန်ပုံငွေ)ဖြင့် တည် ဆောက်နေခြင်းဖြစ်သည်။


လက်ရှိတွင် ရန်ကုန်ဘက်ခြမ်း ကမ်းနားဘက်တွင်လည်း ဆင်ခြေလျှော တံတား ဘိုးပိုင်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီးတံတား စီမံကိန်းတစ်ခုလုံးမှာလည်း ၃၀ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရ သည်။ 

 အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ