နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများ


ကျေးသီ   ဧပြီ     ၉


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ဝမ်ဖွီးကျေးရွာရှိ ကျေးလက်နေပြည်သူများ လုပ် ကွက်ငယ်တောင်သူများ၊ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများ၊ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ‌‌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းငွေ များ တတိယအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကျေးရွာအရောက် ကွင်းဆင်းထုတ်ချေးပေး ကြောင်း သိရသည်။ 


ရှေးဦးစွာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးနိုင်မှ ကျေးရွာရှိရပ်မိရပ်ဖများ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသင်းသူ၊ အသင်းသားများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းအကြောင်း အရာများကိုရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံ ဦးကျော် ကျော်ထွန်းမှ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်း‌ ဆွေးနွေးသည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဝမ်ဖွီး ကျေးရွာတွင် တတိယကြိမ်မြောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသူ၊ အသင်းသား ၃၀ ဦးအား  ရန်ပုံငွေကျပ် ၃၂၂ သိန်းကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးညွှန်ကြားချက်များ၊ ချေးငွေပြန်လည်ထုတ်ချေးပေးနိုင် ရေးစီမံချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပြီး အသင်းသူ၊ အသင်းသားလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။


ကျေးသီးမြို့နယ်တွင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ဝမ်ဖွီးကျေးရွာအပါအဝင်  စုစုပေါင်းကျေးရွာ ငါးရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမြိုနယ် ဦးစီးမှူး ဦးအေး နိုင်ထံမှ သိရသည်။             ချိုသန်းညွန့်(ကျေးလက်)






အခြားဆက်စပ်သတင်းများ