နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရမည်းသင်းမြို့နယ် ထန်းပေါက်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရမည်းသင်း ဧပြီ ၁၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်ဘဲ့ကျေးရွာအုပ်စု၊ ထန်ပေါက် ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ရမည်းသင်းမြို့နယ်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးအောင် နိုင်မိုးက  ထန်ပေါက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း  အတိုးရငွေ ၏ ၅၀ရာခိုင်နူန်း ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်မည့် ကျေးရွာဘက်စုံသုံး ခန်းမ‌တည်ဆောက်နိုင်ရေး မြေပြင် အခြေအနေများကို ကွင်းဆင်းတိုင်းတာခဲ့ပြီး လိုအပ်သည်များကို  ဆွေးနွေးသည်။


ဆက်လက်၍  မြို့နယ်ဦးစီးမှုးနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်း များက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ နှင့်အတူ အဆိုပါကျေးရွာ၌   မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်  ၄၄ ဒသမ ၅ သန်း ဖြင့်ဆောင်ရွက်ထားသော စိုက်ပျိုး‌ရေး၊‌ မွေးမြူရေး၊အ‌‌ရောင်းအဝယ်လုပ်ငန်းများ နှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့် စုံမှုရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း   ရမည်းသင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။                               ချိုသန်းညွန့် (ကျေးလက်)






အခြားဆက်စပ်သတင်းများ