နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လောင်းမြို့နယ် ကျေးရွာ ၁၅ရွာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ပင်လောင်း ဧပြီ ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့် ဝင်ငွေကျပ် ၈၀ ဒသမ ၅၀သန်းဖြင့် မြို့နယ်အတွင်းရှိကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။


အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်ကျေးရွာ ၁၅ရွာမှာ တင်းတက်(တ)၊ လွယ်ပြား၊ နောင်ဝိုး၊ ပင်ကျိုင်၊ ဖျူးရှား၊ မြောက်စလုံး၊ တောင်လေး(မ)၊ သပြေကုန်း၊ တောင်ဇာ၊ ပက်ကော်ကြီး၊ လက်ပံပင်၊ ကောင်မှီးပေါ်၊ နန်းတုတ်၊ ဗန်းမောက်၊ လွယ်ဖွီး ကျေးရွာများဖြစ်ပြီး သောက်သုံးရေရရှိရေးလုပ်ငန်း ၆ခု၊ ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း ငါးခု၊ ကျေးရွာကုန် ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း လေးခု တို့ကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၈၀ ဒသမ ၅၀သန်း ၊ စုစုပေါင်းရန်ပုံငွေကျပ်၂၃၀ ဒသမ ၅၀သန်းဖြင့်ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်ဇန်နဝါရီလ အတွင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။


ပင်လောင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၀သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့်  နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ကျေးရွာခန်းမတည်ဆောက်ခြင်းအစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။                                                                        ငြိမ်းသူ






အခြားဆက်စပ်သတင်းများ