နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားနှင့် ဆက်ဆံရေး အထိမ်းအမှတ်ဟိုတယ် မြောက်ကိုရီးယားဖြိုချ

  ဆိုးလ်၊  ဧပြီ ၁၁


တောင်နှင့်မြောက်  နှစ်နိုင်ငံ ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် နောက်ဆုံးကျန်ရှိသော မြောက်ကိုရီး ယားနိုင်ငံ အပန်းဖြေ စခန်းတစ်ခုရှိ တောင်ကိုရီးယားပိုင် ဟိုတယ်တစ်လုံး ကို မြောက်ကိုရီးယားက ဖြိုချနေသဖြင့် ထိုသို့ တစ်ဖက်သတ်ဖျက်ဆီးခြင်း ကိုရပ်တန့်ရန် တောင်ကိုရီးယားအရာ ရှိများက ဧပြီ ၁၀ ရက်တွင် တောင်းဆို လိုက်သည်။  


မြောက်ကိုရီးယားရှိ ဒိုင်းမွန်းမောင်း တိန်းအပန်းဖြေစခန်းတွင် အဆောက် အအုံ ဒါဇင်ပေါင်းများစွာကို တောင်ကိုရီး ယားက ဆောက်လုပ်ထားပြီး ၁၉၉၀ ပြည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံ ရေး ကောင်းစဉ်ကာလများတွင် တောင် ကိုရီးယားနိုင်ငံသားများ သွားရောက် လည်ပတ်စေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ၂၀၁၉ ခုနှစ်တွင် ဆိုးလ် သည်အမေရိကန်ချမှတ်သည့် ခရီး သွားလုပ်ငန်း ပိတ်ပင်မှုကို ဆန့်ကျင်ခြင်း မရှိသောကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကဟောင်းနွမ်း စုတ်ပြတ်နေသည်ဟုဆိုကာ တောင် ကိုရီးယား အဆောက်အအုံများကို ဖျက် ဆီးရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ 


မြောက်ကိုရီးယားတွင်   ထို အဆောက်အအုံများ ဖျက်ဆီးခြင်းကို ကိုဗစ်-၁၉ တားဆီးရန် တင်းကျပ်သော အစီအမံများ ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယာယီ ဆိုင်းငံ့ထားခဲ့သည်။ လက်ရှိ တွင်မြောက်ကိုရီးယားသည် တောင် ကိုရီးယားဟိုတယ် ဖျက်ဆီးသည့် လုပ်ငန်းကို ဆက်လက်လုပ်ဆောင် နေကြောင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ကိုင်တွယ်သည့် တောင်ကိုရီးယား နိုင်ငံ မှ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန က ကြေညာထားသည်။            (ref:AP)






အခြားဆက်စပ်သတင်းများ