နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားဗဟိုဘဏ် အတိုးနှုန်းများ ပြန်လည်လျှော့ချ

  မော်စကို၊  ဧပြီ ၁၁


ရုရှားဗဟိုဘဏ်၏  ထုတ်ပြန် ကြေညာချက်အရ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများ ပြန်လည်လျော့ နည်းလာသောကြောင့် နှစ်စဉ်ဘဏ် အတိုးနှုန်းကို ၁၇ ရာခိုင်နှုန်းသို့ ပြန်လည်လျှော့ချ သတ်မှတ်လိုက် ကြောင်း ဧပြီ ၁၀ ရက်တွင် ထုတ်ပြန် သည်။


ရုရှားတွင် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များသည် ဆက်လက်ရှိ နေဆဲဖြစ်သော်လည်း လက်ရှိအချိန် တွင်မူ ယခင်ကာလများကဲ့သို့ကြီးမား ခြင်းမရှိတော့ကြောင်း ရုရှားဗဟိုဘဏ် ကဆိုသည်။ ဗဟိုဘဏ်၏ ပြောကြား ချက်အရ နှစ်စဉ်ငွေကြေးဖောင်းပွ မှုသည် ဆက်လက်မြင့်တက်လာရန် ရှိပြီး ထိုငွေကြေး ဖောင်းပွမှုကို ဖြစ်ပေါ် စေသော အရာများကို ထိန်းသိမ်း မှုများ စနစ်တကျပြုလုပ်သွားမည်ဟု ဆိုသည်။ 


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် တွင် ရုရှားဗဟိုဘဏ်သည် နှစ်စဉ် ဘဏ်အတိုးနှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိတိုး မြှင့်ရန်ဆုံးဖြတ်ခဲ့ပြီး ယခုပြန်လည် လျှော့ချလိုက်ခြင်းဖြစ်သည်။

(Ref: Reuters)






အခြားဆက်စပ်သတင်းများ