နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သြစတြေးလျ ရွေးကောက်ပွဲ မေ၂၁ ရက် ကျင်းပမည်

 ကင်ဘာရာ၊  ဧပြီ ၁၁


တောမီးများ၊ ကိုဗစ် ကပ်ရောဂါနှင့် ရေကြီးရေလျှံမှုဒဏ်များကို သုံးနှစ်ကြာ ရင်ဆိုင်ပြီးနောက် အာဏာဆက်လက် တည်မြဲရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲများကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဧပြီ ၁၀ ရက်တွင် အတည်ပြုကြေညာ လိုက်သည်။  


ဝန်ကြီးချုပ် မော်ရစ်ဆင်၏အစိုး ရသည် သြစတြေးလျမဲဆန္ဒရှင် ၁၇ သန်းကိုဆွဲဆောင်ရန် ရုန်းကန်နေရ ပြီး ၁၃ နှစ်ကြာ အလုပ်လက်မဲ့ဖြစ်ပွား မှုများနှင့်  စီးပွားရေး ကျဆင်းမှုများကို ဦးမော့လာအောင် ဦးဆောင်နေရသော် လည်းသဘောထား စစ်တမ်းများစွာ တွင်နောက်ကျလျက် ရှိနေကြောင်း သိရသည်။ 


မဲဆန္ဒရှင်အများစုသည် အသက် ၅၃ နှစ်အရွယ် ခေါင်းဆောင်ကို အယုံအကြည်မရှိဟု စစ်တမ်းများ လည်း ထွက်ပေါ်လျက်ရှိသည်။ ရွေး ကောက်ပွဲတွင် ပါဝင်မည့် အသက် ၅၉ နှစ်အရွယ် ရှိသော အလုပ်သမားပါတီ ခေါင်းဆောင် အန်သိုနီအယ်လ်ဘာနီစီ ကလည်း အကျပ်အတည်းများရင်ဆိုင် နေရချိန်တွင် ဝန်ကြီးချုပ် မော်ရစ်ဆင် ၏စွမ်းဆောင်ရည်ကို အာရုံစိုက်ကာ ယင်း၏ပါတီအတွက် သတိကြီးစွာမဲ ဆွယ်လျက်ရှိသည်။ 


မကြာသေးမီက ထုတ်ပြန်ခဲ့သော Newspoll စစ်တမ်းတစ်ခုအရ အလုပ် သမားပါတီသည်  ညွန့်ပေါင်းပါတီကို  ၅၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေကြောင်း သိရသည်။                            (Ref:AP)






အခြားဆက်စပ်သတင်းများ