နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ်ဘုရားဖူးရာသီ ပြည်တွင်းပြည်ပ ဘုရားဖူး တစ်သန်း လက်ခံမည်

   ရီယာ့ဒ်၊  ဧပြီ ၁၁


ဆော်ဒီအာရေဗျ နိုင်ငံသည် ယခုနှစ် ဟာ့ဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်း/ပြည်ပ မက္ကာဟာ့ဂျ်ဘုရားဖူးများကို လူဦးရေ တစ်သန်းအထိ ဝင်ရောက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်တွင် ကြေညာသည်။ 


ယင်းဆုံးဖြတ်ချက်မှာ ကမ္ဘာတစ် လွှားရှိ အရေအတွက်များစွာသော မွတ်စလင်ဘာသာဝင် များအတွက် ဟာ့ဂျ်ဘုရားဖူးဝတ်ပြုနိုင်ရန်အတွက် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝထိုးနှံပြီးသူများနှင့် အသက် ၆၅ နှစ်အောက် အရွယ်ရှိသူများသာ ဟာ့ဂျ် ဘုရားဖူးများအဖြစ် လာရောက်သင့် ကြောင်းနှင့် နိုင်ငံခြားသားခရီးသွားများ အနေဖြင့်  ဆော်ဒီအာရေဗျနိုင်ငံသို့ မထွက်ခွာမီ ၇၂ နာရီအတွင်း စစ်ဆေး ထားသော PCR စစ်ဆေးမှု negative ရလဒ်အဖြေ ပြသရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြ ထားသည်။ 


လာမည့်ဘုရားဖူး ရာသီတွင် ဟာ့ဂျ်သို့ နိုင်ငံခြားသား ဘုရားဖူးများ ပထမဆုံး ပြန်လည်ဝင်ရောက်ခွင့်ပြုရန် မျှော်လင့်ထားကြောင်း ၊ ကိုဗစ်-၁၉ ကပ် ရောဂါပျံ့နှံ့ခြင်းကို တားဆီးရန် အတွက် ပြည်တွင်းဘုရားဖူးများကိုသာ ပြီးခဲ့သော နောက်ဆုံး ဘုရားဖူးရာသီနှစ်ခုတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ