နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီယား လုပ်ဆောင်မှုများ စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန် သမ္မတပြော

   ဒူဘိုင်း၊  ဧပြီ ၁၁


ငြိမ်းချမ်းရေးကိစ္စများအတွက် နျူကလီယားလုပ်ငန်း တိုးတက်စေရန် ၎င်းတို့၏ လုပ်ဆောင်မှုများကို စွန့်လွှတ် မည်မဟုတ်ကြောင်းနှင့် ထိုအချက်သည်  ၂၀၁၅ ခုနှစ် နျူကလီးယား သဘော တူညီချက်တွင် ပါဝင်ထားပြီးဖြစ်ရာ နိုင်ငံအားလုံးက လေးစားရမည်ဖြစ် ကြောင်း အီရန်သမ္မတ အီဗရာဟင် ရိုင်စီက ဧပြီ ၁၀ ရက်တွင် ပြောကြား သည်။


ကျန်ရှိနေသည့်နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရန် အီရန်နှင့် အမေရိကန် အနေဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုကြောင်း နှစ်ဖက်လုံးက ပြောကြားထားပြီး ဗီယင်နာတွင် ၁၁ လကြာ  ကျင်းပနေသည့်  အီရန်နှင့် အမေရိကန်အကြား နျူကလီယားအရေး တစ်ဆင့်ခံဆွေးနွေးပွဲများ တုံ့ဆိုင်း နေချိန်အတွင်း သမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။


အီရန်၏ နျူကလီယား လုပ်ဆောင် ချက်များကို စွန့်လွှတ်မည်မဟုတ် ကြောင်း ဗီယင်နာ ဆွေးနွေးပွဲများတွင် ပြောနေသည်မှာ အကြိမ် ၁၀၀ ကျော်နေ ပြီဟု သမ္မတရိုင်စီက အီရန်နိုင်ငံ၏ နျူကလီယား နည်းပညာနေ့တွင်ပြော ကြားထားကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ကိုးကားဖော်ပြသည်။ အီရန် အနေဖြင့် ၎င်းတို့၏ နျူကလီယားအစီ အစဉ်သည် ငြိမ်းချမ်းရေးကိစ္စများ အတွက်သာ ဖြစ်ကြောင်းနှင့် စိုးရိမ်စရာ မရှိကြောင်း သမ္မတရိုင်စီက ထပ်မံ ပြောကြားသည်။           (ref: Reuters)






အခြားဆက်စပ်သတင်းများ