နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

ရန်ကုန်၊  ဧပြီ   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် တွင်ယနေ့နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက် မှ ၁၆ ရက်အထိ ကျင်းပမည့် မြန်မာ သက္ကရာဇ် ၁၃၈၃-ခုနှစ် မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


တာမွေမြို့နယ်အတွင်း     မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်  ရေကစား မဏ္ဍပ်များ ဆောက်လုပ်ပေး လျက်ရှိပြီး ရေကစားမဏ္ဍပ် များတွင် အရွယ်သုံးပါး မရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး မည်သူ မဆိုလာရောက်၍ ရေသဘင် ပွဲတော်တွင် လွတ်လပ်ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲနိုင်ပြီး စတု ဒိသာ အလှူများဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ် သည်။          သတင်းနှင့်ဓာတ်ပုံ              နိုင်လင်းအောင်(တာမွေ)






အခြားဆက်စပ်သတင်းများ