နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းရင်းသားလူမျိုးများ ရိုးရာဝတ်စုံဈေးကွက် ဝယ်ယူဝတ်ဆင်မှု များပြား

ရန်ကုန်   ဧပြီ   ၁၂


လားဟူတိုင်းရင်းသားလူမျိုးများ၏ရိုးရာဝတ်စုံများ ဈေးကွက်ဝင်လာနိုင်သည့် အလားအလာ ရှိနေကြောင်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဋ္ဌာန၏ သတင်းများအရ သိရသည်။


ယခုအခါ မြန်မာနိုင်ငံ၏ အဝတ်အထည်ဈေးကွက်များ တွင် ရှမ်း၊ ကရင်၊ ကယား၊ ကချင်၊ ချင်းစသည့် တိုင်းရင်း သားလူမျိုးများ၏ ရိုးရာဝတ်စုံ များမှာ  သက်ဆိုင်ရာ တိုင်းရင်း သားလူမျိုးများ သာမက ပြည်တွင်းရှိ အခြားသော တိုင်းရင်းသားလူမျိုးများက လည်း လိုက်လံဝတ်ဆင်လာ ကြသည်။


အဆိုပါ ရှမ်း၊ ကရင်၊ ကယား၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စုံများသည်လှပဆန်း ကြယ်စွာဖြင့် နှစ်သက်ဖွယ်ဖြစ် နေရာ ပြည်တွင်းအဝတ် အထည် ဈေးကွက်များတွင် ဈေးနှုန်းကြီးစွာဖြင့် ဝယ်ယူဝတ် ဆင်မှုများရှိနေသဖြင့် ပြည် တွင်း အဝတ်အထည်များ ဈေး ကွက် တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။ 


ထို့အတူ လားဟူ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စုံများမှာလည်း ဈေး ကွက်တွင်ကျယ်လာနိုင်သည့်အခြေအနေနှင့်အလားအလာများရှိနေသည်ဟု ဆိုသည်။ လားဟူတိုင်းရင်းသားများသည် အနက်ရောင်ကိုအခြေခံထားကာဝတ်စားဆင်ယင်ကြသည်။


တိုးတက်ဖြစ်ပေါ်ပြောင်းလဲ လာနေသော အခြေအနေများ အရ လားဟူတိုင်းရင်းသားများ သည် ရိုးရာဝတ်စုံများကို အရောင်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ဒီဇိုင်း မျိုးစုံပုံဖော် ဝတ်ဆင်လာခဲ့ကြ သည်။ လားဟူတိုင်းရင်းသား ရိုးရာဝတ်စုံများကို ရိုးရာပွဲ လမ်းသဘင်များ ဖြစ်သည့် ကောက်သစ်စားပွဲ၊ ခရစ်စမတ်၊ နှစ်သစ်ကူး၊ မင်္ဂလာဆောင်ပွဲ များတွင် အများဆုံးဝတ်ဆင် ကြသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက် ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲ၊ လွယ်အိတ် တို့ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို ကိုင်ဆောင် လေ့ရှိသည်။ လားဟူတိုင်းရင်း သားများ၏ ရိုးရာဝတ်စုံများကို ဖန်တီးမှုအသစ်အဖြစ် လားဟူ တိုင်းရင်းသားတို့၏ သင်္ကေတ များ ကိုမြန်မာပိတ်စများဖြစ် သည့်ချည်၊ ချည်ပိုး၊ ထိုင်းပိုး၊ အင်ဒိုပိုး၊ကတ္တီပါပိတ်စသည့် ပိတ်စများပေါ်တွင် ကွန်ပျူတာ ပန်းစက်ထိုးထားသော ဝမ်း ဆက်များမှာ  ၂၀၂၁ ခုနှစ်မှ စတင်တွင်ကျယ်လာခဲ့သည်။


ခေတ်မီတိုးတက်လာသည် နှင့်အမျှ လားဟူတိုင်းရင်းသား တို့၏ဝတ်စုံများမှာလည်းပိတ်စ မျိုးစုံ၊ အရောင်မျိုးစုံ၊ ဒီဇိုင်း မျိုးစုံတို့ဖြင့် ခေတ်မီစွာဒီဇိုင်းပုံဖော်ပြီးဝတ်ဆင်လာကြသည်။


ထို့ကြောင့်ယခုအခါ ရှမ်း ပြည်နယ် မြောက်ပိုင်း လားရှိုး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် လားဟူတိုင်းရင်းသားရိုးရာဝတ် စုံရောင်းချသည့်အထည်ဆိုင်များ များပြားလာခဲ့သည်။     CN-031






အခြားဆက်စပ်သတင်းများ