နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင် ၂၀၀ ဦးအား အာဟာရဖြည့်စွက်စာလှူဒါန်း

ရန်ကုန်   ဧပြီ   ၁၂


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ယမန်နေ့ညနေပိုင်းက  မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်၊ ရန်ကုန်-အင်းစိန် လမ်း၊ သမိုင်းလမ်းဆုံရှိ ဂျာမေဗလီတွင် အစ္စလာမ် ဘာသာဝင်များ၏ ရမဇာန် လမြတ်ကာလတွင် ဥပုသ် ဝင်ရောက်နေသော အစ္စလာမ် ဘာသာဝင် ဥပုသ်သည်  ၂၀၀ ဦးအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသော အာဟာရဖြည့် စွက်စာအဖြစ် သစ်သီးမျိုးစုံ နှင့် ဒိန်ချဉ်တို့ကို တစ်ဦး ချင်း လိုက်လံပေးအပ် လှူဒါန်းပြီး တစ်နေ့တာဖြည့် စွက်စာအဖြစ် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဗလီ ဂေါပကရုံးတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း    သိရ သည်။ ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ