နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်မြတ်ကြီး သင်္ကြန်ကာလပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ထားမည်

ရန်ကုန်   ဧပြီ   ၁၂


မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလအတွင်း ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ပုံမှန် အချိန်အတိုင်း ဖွင့်လှစ်ပေးထား မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ထံက သိရ သည်။


သင်္ကြန်ရုံးပိတ်ရက် ကာလ အတွင်း ဘုရားဖူးချိန်ကို ပုံမှန် အတိုင်း ဆက်လက်ဖွင့်လှစ် ထားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ လာရောက် ဖူးမြော်နိုင်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစပြီး ရွှေတိဂုံ စေတီတော်ကြီးကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားပြီး စနေ၊ တနင်္ဂနွေနှင့်အများပြည်သူ ရုံးပိတ်ရက် (အစိုးရရုံးပိတ်ရက်) တို့တွင် ည ၇ နာရီအထိ အချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားပြီး  မတ် ၂၆ ရက်က စတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်ရန် နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန် တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။                   CN-014






အခြားဆက်စပ်သတင်းများ