နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အကြိမ် ၄၀ မြောက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲစာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်   ဧပြီ   ၁၂


မွန်ပြည်နယ် မော်လမြိုင် မြို့ တောင်ပေါ်တန်းသာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ၁၃၈၃ ခုနှစ် အကြိမ် ၄၀ မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမည ဓမ္မာစရိယအဖွဲ့က ကြီးမှူး ကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေးပွဲ စာအောင် သံဃာတော်များအား အောင် လက်မှတ် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၁၀ရက် မွန်လွဲပိုင်းက သာသနာ့ဗိမာန် တော်ကြီးတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်  ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များအလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်သည်၊၊ 


ရှေးဦးစွာ ဆရာတော်သံဃာ တော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သြဝါဒစရိယ ကွမ်လှာလောက သုခကျောင်းဆရာတော်၊ ရာမည ဓမ္မာစရိယစာမေးပွဲဥက္ကဌ ရေး မြို့နယ် အာပေါကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရနှင့် ဒုတိယဥက္ကဌ မော်လမြိုင် ဈေးကြို ပရိယတ္တိဝေဒီကျောင်း ဆရာတော် ဘဒ္ဒန္တပါလရာမည တို့က သြဝါဒစကားမြွက်ကြား သည်၊၊

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာကိစ္စရပ်များ လျှောက် ထားပြီး ဆရာတော်သံဃာ တော်များအား လှူဖွယ်ပစ္စည်း များနှင့် ရာမညနိကာယ ပရိယတ္တိစာမေးပွဲအတွက် အလှူငွေ ၁၀ သိန်းကျပ် ဆက်ကပ်လှူဒါန်းသည်၊၊ 


ဆက်လက်ပြီး စာအောင် သံဃာတော်များအား ရာမည ဓမ္မာစရိယစာမေးပွဲ ဥက္ကဌ ဆရာတော်နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က စာအောင် လက်မှတ်များ ဆက်ကပ်လှူဒါန်း ကြောင်း သိရသည်၊၊


၁၃၈၃ ခုနှစ် အကြိမ် ၄၀ မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့မှကြီးမှူး ကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေးပွဲကြီးကို ပါဠိ ပါရဂူ၊ သိရီပဝရ၊ ဓမ္မာစရိယ၊ ပထမအကြီးတန်း၊ ပထမလတ် တန်း၊ ပထမငယ်တန်း၊ မူလ တန်း၊ အတန်းခုနစ်တန်းကို တပေါင်းလဆန်း ၁ ရက်နေ့မှ ၃ ရက်နေ့အထိ စာဖြေ သံဃာတော် ၂၁၀၀ ကျော် ဝင်ရောက်ဖြေဆိုပြီး စာအောင် သံဃာတော် ၆၂၁ ပါးရှိကြောင်း သိရသည်၊၊

ခင်စန်းမြင့်(ခရိုင်ပြန်ဆက်)






အခြားဆက်စပ်သတင်းများ